Arc-6.10

2.6K 337 13
                                    


အန်ဒါရီ(ခ်) ဟာတကယ်တော့ စရီးယားကိုကြိုက်နေသော်သူဖြစ်သည်။ သူမဟာသူမအကိုနဲ့ နန်းတော်ကိုသွားခဲ့တုန်းက စရီးယားကိုမြင်ပြီးသဘောကျသွားခဲ့တာဖြစ်တယ်..သစ်ပင်ကြီးရဲ့အောက်မှာထိုင်ကာ စာဖတ်နေသော် စရီးယားကိုမြင်ပြီးသူမရင်ခုန်စိတ်လှုပ်ရှားခဲ့ရတာဖြစ်တယ်..

ထိုအချိန်ကနေစပြီး သူမစရီးယားသူမကိုကြိုက်လာအောင်ဆိုပြီးအမျိုးမျိုးလုပ်ခဲ့တယ်..စရီးယားဆီကိုအမြဲတမ်းစာတွေဘာတွေပေးပို့ခဲ့။ ဒါပေမဲ့သူမစရီးယားရဲ့ စိတ်ကိုအရမယူနိုင်ခဲ့။ သို့သော်လည်းသူမစိတ်ဓာတ်ကျနေတဲ့အချိန် သူမဆီကိုလူတစ်ယောက်ရောက်လာပြီး အပေးအယူလုပ်ဖို့ပြောတော့တယ်..ထိုသူဟာ မင်းသားတစ်ပါးဖြစ်သည်။

ထိုမင်းသားဟာအိမ်ရှေ့စံရာထူးကို လိုချင်တပ်မက်နေသော်သူဖြစ်သည်။ သူဟာသူမနဲ့ပူပေါင်းချင်တဲ့အကြောင်းအရင်းကတော့ စရီးယားကိုသူ့ဘက်ပါလာအောင်လုပ်ပေးစေချင်ပြီး အင်အားတောက်လာအောင်လုပ်ဖိုလည်းဖြစ်တယ်..အစပိုင်းသူမငြင်းဆန်ခဲ့တယ်..သူနဲ့မပူးပေါင်းချင်ဘူးလို့။

ဒါပေမဲ့သူ့အကိုပျောက်ပြီးပြန်လာတဲ့ နောက်ပိုင်းတော့သူထိုမင်းသားနဲ့ပူပေါင်းဖို့ လုပ်လိုက်တယ်..သူပူးပေါင်းလိုက်ရတဲ့အကြောင်းအရင်းကတော့ လူနှစ်​ယောက်ကြောင့်ဖြစ်တယ်..တစ်ယောက်ကစရီးယားကိုပိုင်ဆိုင်ချင်တာကြောင့်ရယ်၊ နောက်တစ်ယောက်ကတော့သူ့အကိုကြောင့်ရယ်ပေါ့။ သူ့အကိုကိုလုပ်ကြံဖို့ စေလွှတ်လိုက်တဲ့သူတွေဟာ အိမ်ရှေ့စံမင်းသားလို့ထိုမင်းသားပြောပြတာကြောင့် သူထိုအိမ်ရှေ့စံမင်းသားကို သတ်ဖို့ပူးပေါင်းလိုက်တာဖြစ်တယ်...

ထိုနေ့ကနေစပြီးနောက်ပိုင်း မင်းသားပြောပြတဲ့အတိုင်းစရီးယားဆီကို မတော်တဆတွေ့ဆုံတဲ့ပုံစံနဲ့ လုပ်ခဲ့တယ်..စျေးမှာရော၊ အီကျီဝယ်တဲ့ဆိုင်ရော ထိုနေရာတွေမှာတွေ့ဆုံခဲ့ကြတယ်..ထိုမင်းသားပေးတဲ့အကြံဟာအလုပ်ဖြစ်ခဲ့။ သူတို့တွေ့ရင်အရင်ကလိုအေးစက်စက်နဲ့ မဖြစ်တော့ဘူး..အရင်ကထက်ပိုပြီးရင်းနှီးသလိုမျိုးဖြစ်လာခဲ့တယ်..

သို့ပေမဲ့လည်းထိုရင်းနှီးမူ့တွေဟာ အချိန်မကြာခဲ့။ စရီးယားအိမ်တော်မှာ ကေလွန်ကိုခဏခဏတွေ့ရတယ်လို့ သတင်းကြားတဲ့အခါတွေသူမဒေါသတွေထွက်လာမိ။ အိမ်တော်တင်မက အပြင်မှာပါတွေ့ဆုံကြတယ်လို့ သူသတင်းကြားတဲ့အခါ မယုံကြည်ချင်သေးတာကြောင့် သူထိုနှစ်ယောက်နောက်ကို လိုက်ချောင်းခဲ့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now