Arc-4.10🐰

4.3K 542 29
                                    


ရှောင်ကျန့်ကတော့ သူ့ရဲ့ဖားလေးပျောက်နေတာကြောင့် အခန်းထဲမှာလိုက်ရှာနေတော့တယ်...အရင်ကဆိုရင်မနက်မိုးလင်းလာတာနဲ့ ဆိုးရွားလှတဲ့ဆဲသံကိုကြားနေတဲ့အပြင် ရုပ်ဆိုးလှတဲ့ဖားရုပ်ကိုလည်းမြင်နေကျဆိုတော့ အခုမမြင်ရတဲ့အတွက်ကြောင့် လိုက်ရှာနေချင်းဖြစ်တယ်....

ရှောင်ကျန့်သစ်သားကုတင်အောက်လေးမှာ လိုက်ရှာလိုက်၊ ခုံအောက်မှာလည်းလိုက်ရှာလိုက်နဲ့တစ်ယောက်ထဲ ရှုပ်ရှက်ခတ်နေတော့တယ်..ဒါ့အပြင်ရှာရင်းနဲ့တစ်ယောက်ထဲ ပွစိပွစိနဲ့စကားတွေပြောနေတော့တယ်...

" ဖားလေးဘယ်ပျောက်သွားတာလည်းကွ system နယ်မြေကိုများပြန်သွားတာလား ဒါလည်းမဖြစ်နိုင်ဘူး သူပြန်ရင်ငါ့ကိုပြောသွားမှာပေါ့ ....အခုဘယ်ပျောက်နေတာလည်းကွ မဟုတ်မှလွဲရောသွားချိန်းတွေ့နေတာလား...ဒါလည်းမဖြစ်နိုင်ဘူး သူ့မှာရည်းစားမှမရှိတာ....."

ရှောင်ကျန့်လိုက်ရှာရင်းလိုက်ရှားရင်းနောက်ဆုံးတော့ အခန်းထဲကမှာ မတွေ့တော့မှ အပြင်ဘက်ကိုထွက်လာတော့တယ်..သူအပြင်ဘက်ကိုထွက်ထွက်ချင်းမှာပဲ သူမြင်လိုက်ရတဲ့အရာကိုမျက်လုံးအပြူးသားနဲ့စိုက်ကြည့်ကာ ထိုနေရာကိုလျောက်သွားတော့တယ်...

ရှောင်ကျန့်မြင်လိုက်ရတဲ့အရာဟာ ဝါးအိမ်လေးရဲ့အပြင်ဘက်မှာရှိတဲ့ ကျောက်ပြားကြီးပေါ်မှာ ဖားလေးတရားထိုင်နေတဲ့ပုံစံလေးနဲ့မျက်လုံးမှိတ်ကာနေနေတာကို ရှောင်ကျန့်မြင်လိုက်ရတာဖြစ်တယ်...ရှောင်ကျန့်ဖားလေးနားကိုလျောက်သွားပြီး...

' ဖားလေး..မင်းဘာလုပ်နေတာလည်း....'
ရှောင်ကျန့်ရဲ့အသံကိုဖားလေးကြားရော မျက်လုံးမှိတ်နေရာကနေပြန်ဖွင့်လိုက်ပြီး သူ့ကိုစိုက်ကြည့်နေတဲ့ရှောင်ကျန့်ကိုပြုံးပြလိုက်ကာ...

' တရားထိုင်နေတာလေ host....'

' မင်း...မင်း...ငါဖားလေးရောဟုတ်ရဲ့လား....'

' ကျွန်တော်ကhost ရဲ့ဖားလေးပါပဲဗျာ ဘာဖြစ်လို့လည်းhostခင်ဗျာ.....'

' ငါ့ရဲ့ဖားလေးက မင်းလို့မျိုးမယှဥ်ကျေးဘူးကွ အဲ့ဒါကြောင့်မင်းက ငါ့ရဲ့ဖားလေးလုံးဝကိုမဟုတ်ဘူး.....'

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now