Arc-6.1

3.9K 372 17
                                    

( အပေါ်ကပုံလေးကတော့ ကျန့်ကျန့်ဝင်တဲ့ကိုယ်ပါ နာမည်က ရိုင်းနော့ ကျယ်မရဲ့လင်ပါ ရိပေါ်မရှိတုန်း Oc တာ.. စကားမစပ်ဒီArc ထဲကဇာတ်ကောင်များကိုမဆဲရ)

" ရိုင်းနော့ ဒါငါနဲ့လိုက်လား...''

"...."

" ရိုင်းနော့ ဒီဂါဝန်ရှည်လေးကရော ငါနဲ့လိုက်လား.."

"...."

" ရိုင်းနော့ ဒီဖိနပ်လေးရော.."

"...."

" ရိုင်းနော့.."

"....."

" ရိုင်းနော့.."

"...."
သောက်ချီးပဲ ငါ့နာမည်ပဲခေါ်နေတယ် ငါမသေသေးဘူးကွ မင်းကြောင့်အခုချိန်ထိဇာတ်ကြောင်းတောင်မဖတ်ရသေးဘူး ရောက်လာထဲက နာမည်ပဲသိတယ် ရိုင်းနော့ ရိုင်းနော့
နင့်မေလင်ရိုင်းနော့လား ထူးဆန်းတဲ့နာမည်နဲ့ အဝတ်အစားကလည်းထူးဆန်းတယ်..အခုခေါ်နေတဲ့သူကဘယ်သူမှန်းတောင်မသိဘူး..ချီးပဲ...

" ရိုင်းနော့ နင်နေမကောင်းဘူးလား.."

" ကောင်းပါတယ်သခင်မလေး.."

" မကောင်းပါဘူးနင့်မျက်နှာညိုးနေတယ် ကြည့်ရတာနင်ပင်ပန်းလို့ထင်တယ် ကဲပါအိမ်ကိုပြန်ကြစို့.."

" ဟုတ်ကဲ့ပါသခင်မလေး.."
ညာဘက်လက်ကိုဘယ်ဘက်ရင်ဘက်လေးပေါ်ကိုတင်ကာ ခေါင်းလေးငုတ်ပြီးပြန်ဖြေလိုက်တယ်..

ဘာလို့သူမကိုသခင်မလေးလို့ ခေါ်မိလည်းသူမသိ။ဒီကိုယ်ရဲ့ ပုံမှန်တုန့်ပြန်မူ့ကြောင့်လို့တော့ သူသိတယ်..အခုတော့ အဆင်ပြေနေပါပြီ ရထားလုံးလေးထဲမှာ နားနေရလို့..ဟုတ်ပါတယ်သူအခုရထားလုံးလေးထဲမှာ.. သူ့ရဲ့သခင်မလေးဆိုတဲ့သူနဲ့ မျက်နှာချင်းဆိုင်ထိုင်နေတာ..

သူရထားလုံးပေါ်တက်တက်ချင်း မျက်လုံးလေးမှိတ်ပြီး ဘာကိုမှအာရုံမစိုက်တဲ့အပြုအမူလုပ်နေခဲ့တာ.. သူ့အရှေ့ကသခင်မလေးဆိုတဲ့တစ်ယောက်ဘယ်လိုနေနေလည်းဆိုတာ သူဂရုကိုမစိုက်..အခုထူးဆန်းနေတာတစ်ခုရှိတယ် အရင်ကဆိုရင်သောက်စကားများလွန်းတဲ့ဖားလေးတစ်ကောင် တိတ်နေတယ်ဆိုတာပဲ..

သူဒီကမ်ဘာကိုရောက်ထဲကပျောက်နေခဲ့တဲ့ဖားလေး အခုထိသူဆီကိုမရောက်သေး..သူ့ဘေးနားမှာလည်းမရှိ။

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now