Arc-3.4

5.3K 562 77
                                    

( အပေါ်ကပုံလေးက လန်ကျန့်ပုံပါ)

ရှောင်ကျန့်ကတော့ ပြန်လည်ပြုပြင်နေတဲ့ဖားလေးကိုထိုင်ကြည့်နေရင်း ပျင်းလာတာကြောင့် ဇာတ်ကြောင်းကို ပြန်လည်စဥ်းစားနေတော့တယ်...

ဒီတစ်ခေါက်ကမ်ဘာက တစ်ခုခုမှားနေသလားပဲ.. အဆက်ဆက်မရှိဘူး...ရှောင်ကျန့်သေပြီးနောက်ပိုင်း အမွေတွေကိုဘယ်သူရသွားလည်း၊  ဖားလေးငါ့ကိုမပြောရ​သေးဘူး..အဲ့ဒါအပြင်ကို ဇာတ်ကြောင်းကနည်းနည်း...အာယား...ဘာတွေလွဲနေတာလည်း ခေါင်းတောင်ရှုပ်တယ်..ဖားလေးကလည်း ဘယ်အချိန်မှပြီးမှာလည်း..

ကျွီး.....ဒုန်း...

" မင်းခြေထောက်သက်သာရဲ့လား...."

ရှောင်ကျန့်သူ့အခန်းထဲကို ဝင်လာတဲ့တစ်ယောက်ကို လှမ်းကြည့်လိုက်တဲ့အချိန် သူရင်တွေအခုန်မြန်နေခဲ့တယ်....ဝင်လာတဲ့သူဟာ တခြားသူမဟုတ်ဝမ်ရိပေါ်ဖြစ်သည်။ ဝမ်ရိပေါ်ဟာ မသိစိတ်ထဲက ရှောင်ကျန့်ရှိတဲ့နေရာကို သွားချင်နေတာကြောင့် ရှောင်ကျန့်ဆီကို ရောက်လာခဲ့တာဖြစ်တယ်..

ရှောင်ကျန့်ကတော့အခုသူ့ကို မေးနေတဲ့ဝမ်ရိပေါ်ကို ပြန်မဖြေအား၊ အခုန်မြန်နေတဲ့ နှလုံးသားကို ငြိမ်သောက်အောင်လုပ်နေရတော့တယ်...

အဲ့ဒါဆိုရင် ဒီကမ်ဘာကဇာတ်လိုက်ဝမ်ရိပေါ်က ငါ့ရဲ့ရိပေါ်ပေါ့ နှလုံးခုန်မြန်အောင်လုပ်နိုင်တာဆိုလို့ ရိပေါ်တစ်ယောက်ထဲပဲရှိတာ အဲ့ဒါဆိုရင် သူကရိပေါ်... ပျော်လိုက်တာ ဒီတစ်ခါမြန်မြန်သိရမယ်မထင်ဘူး...ခဏလေး ငါရိပေါ်ကိုဘယ်လိုလိုက်သင့်လည်း...အရင်ကတစ်ယောက်လို ကပ်ရမှာလား...

အဲ့ဒါငါ့စတိုင်မဟုတ်ဘူး...အဖက်မလုပ်ပဲနေရင်ရော... အဲ့ဒါလဲအဆင်မပြေဘူးထင်တယ်..တော်ကြာ သူပါငါ့ကိုအဖက်မလုပ်ရင် ဘယ်လိုလုပ်မလဲ....

ဝမ်ရိပေါ်ကတော့ သူ့အရှေ့မှာ မျက်မှောက်လေးကျုံ့လိုက်၊ ပြုံးလိုက်၊ မျက်မှောက်လေးထက်ကျုံ့လိုက်လုပ်နေတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး အသဲယားနေတော့တယ်..တစ်ခါတစ်လေစူလာတဲ့ နှခမ်းသားလေးကိုကြည်ပြီး သတွေးတောင်ခဏခဏမြိုချနေရတော့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now