Arc-6.3

2.9K 369 13
                                    

( အပေါ်ကတစ်ယောက်ကတော့ ဒုတိယဇာတ်လိုက် ဗက်( စ်)တီးရား နက်ဟန်ပါ)

" လူလေးရေ အဒေါ်ကိုဒါလေးတစ်ချက်လောက်ကူသယ်ပေးပါအုန်း.."

" ဟုတ်ကဲ့အဒေါ် ကျွန်တော်သယ်ပေးမယ်..."
အသက်၄၀ ကျော်ကအရွယ်ရှိသော် သာမန်လူတန်းစားတစ်ယောက်ဟာ သူ့အရှေ့ကချောမောလှသော် လူငယ်လေးကိုအကူညီတောင်းနေလေသည်။ လူငယ်လေးဟာလည်း မြင်သူတိုင်းနွေးထွေးသွားစေနိုင်တဲ့ အပြုံးကိုပန်ဆင်ထားပြီး သူ့ကိုအကူညီတောင်းနေသော်အဒေါ်ကို ကူညီပေးလိုက်တယ်..

ခဏအကြာ၌

" ကျေးဇူးပါပဲလူငယ်လေးရယ် မကြာခင်ညရောက်တော့မယ် လူငယ်လေးအဒေါ်တို့အိမ်မှာ ထမင်းစားသွားပါလား.."

" ရပါတယ်အဒေါ် ကျွန်တော်မစားတော့မယ် မမှောင်ခင်အိမ်ကိုပြန်လိုက်အုန်းမယ်.."

" ကောင်းပါပြီကွယ် သတိထားပြန်အုန်း..."

" ဟုတ်ကဲ့ အဒေါ်..."
ဒီလိုနဲ့ပဲ ထိုချောမောလှသော်လူငယ်လေးဟာ အဒေါ်ကိုနှုတ်ဆက်ပြီး လှည့်ထွက်သွားလေတယ်..ကျန်ခဲ့သော်အဒေါ်ဟာထိုကောင်လေးကို ကြည့်ပြီးသက်ပျင်းချကာ..

" လူလေးကိုငါ့တူမနဲ့ယူစေချင်လိုက်တာ အကြီးတွေအပေါ်လည်း အရိုအသေရှိ၊ ချောလည်းချော ၊အတိုက်အခိုက်လည်းတော် ဒီလိုလူလေးကိုမှ အမျိုးတော်ချင်တာဒါပေမဲ့လည်း ငါဘယ်လိုလုပ်လုပ်မရတာလည်း ကြည့်ရတာ လူလေးမှာကြိုက်တဲ့သူရှိနေတာလား.."

အဒေါ်တစ်ယောက်ထဲ ကိုယ့်ဘာသာပြောနေတော့တယ်..ခုနကကူညီပေးသော်လူလေးဟာတော့ သူ့ရဲ့အိမ်လေးကိုရောက်ရှိသွား၏။ ထို​ကောင်လေးဟာ ဧည့်ခန်းထဲကထိုင်ခုံပေါ်မှာ ပျင်းရိစွာထိုင်လိုက်ပြီး သက်ပျင်းချနေတော့တယ်..သူ့အရှေ့ကစားပွဲခုံပေါ်လေးမှာ ဖားလေးတစ်ကောင်ရှိလေ၏။

ထိုဖားလေးဟာ ကောင်လေးဘက်ကိုမျက်နှာမူနေပြီး လက်ပိုက်ကာထိုင်နေလေသည်။ အပြာရောင်အီကျီနဲ့ အတွင်းခံဘောင်းဘီအဝါရောင်လေးကိုလည်းဝတ်ဆင်ထား၏။ ထိုဖားလေးကိုမြင်တဲ့သူတိုင်းကတော့ ဖားကိုရိုက်သတ်ချင်မှာသေချာတယ်..ဘာလို့လည်းဆိုတော့ မခန့်လေးစားတဲ့အကြည့်တွေနဲ့ ကြည့်နေတာကြောင့်ဖြစ်တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now