Arc-5.6

3.8K 460 103
                                    


ကန်ဆိုဟေ့ညနေ၄နာရီလောက်မှသာ အိမ်ကိုပြန်ရောက်ခဲ့တယ်..အိမ်ကိုပြန်ရောက်ရောက်ချင်းမှာပဲ ကြမ်းပြင်ပေါ်မှာတစ်ခါထဲလဲကျသွားတော့တယ်... သူ့ရဲ့လက်လေးတစ်ချောင်းတောင်မလှုပ်နိုင်တဲ့အပြင်ကို ခြေလေးတစ်ချောင်းလည်းမလှုပ်နိုင်တော့ပေ။

ကန်ဆိုဟေ့ဘာကြောင့်ဒီလိုဖြစ်နေရတာလည်းရှိတော့ ဒါတွေအားလုံးရဲ့လက်သည်မှာ ဖားလေးဖြစ်သည်။..ဖားကလေးဟာအိမ်ကိုမြန်မြန်ပြန်မရောက်စေအောင် လမ်းမှားတစ်ချို့ကိုညွှန်းခဲ့တာကြောင့် ကန်ဆိုဟေ့နေရာမှားများကိုလည်းရောက်ရှိခဲ့တယ်..

ထို့အပြင် နာရီဝက်လောက်သာလမ်းလျောက်ရမဲ့လမ်းဟာ ဖားလေးကြောင့်၂နာရီကြီးများသာ လျောက်လိုက်ရတဲ့အတွက်ကြောင့် ခြေထောက်များမလှုပ်မရပ်ဖြစ်နေတော့တယ်... အခုတော့ကန်ဆိုဟေ့လဲနေရာကနေလုံးဝကိုမထနိုင်တော့ပေ။

" သောက်ဖားစုတ် ငါမင်းကိုမကျေဘူး..."
ကန်ဆိုဟေ့ဒေါသထွက်ထွက်နဲ့ အောလိုက်တော့တယ်... သူပြန်ရောက်ထဲကဖားလေးနဲ့အဆက်အသွယ်ပျက်သွားတာကြောင့် ဖားလေးကိုမဆဲနိုင်ခဲ့ချေ။ ကန်ဆိုဟေ့ရဲ့အော်သံကြောင့် သူ့အခန်းထဲမှာရှိနေသော်ကန်ဂျီမင်းဟာ ကြားသွားတာကြောင့် ချက်ချင်းပြေးထွက်လာခဲ့လေတယ်..

အပြင်လည်းရောက်ပြီးတဲ့အခါ ကြမ်းပြင်ပေါ်မှာလဲကျနေသော် ကန်ဆိုဟေ့ကိုမြင်ရော..ကန်ဆိုဟေ့ဆီကိုပြေးသွားကာ ထူပေးလိုက်ပြီး..

" ညီလေးဘယ်လိုဖြစ်လာတာလည်း တစ်ကိုယ်လုံးချွေးတွေကြီးပဲ အဆင်ပြေရဲ့လား..."

" အကို ကျွန်တော်ကိုအခန်းထဲခေါ်သွားပေးပါလား.."

" ကောင်းပြီ.."
ကန်ဆိုဟေ့ကို ကန်ဂျီမင်းကုန်းပိုးပြီး ကန်ဆိုဟေ့အခန်းထဲကို ပိုးသွားတော့တယ်..အခန်းထဲရောက်ရော ကန်ဆိုဟေ့ရဲ့ကုတင်ပေါ်လေးမှာ ဖြေးဖြေးသက်သာချပြီး...

" ညီလေးဘယ်လိုဖြစ်လာတာလည်း..."

" အကိုဟိုလေ..ဂွီး~~~.."

" အကိုသိပြီ..ညီလေးခနနားလိုက်အုန်း ညီလေးစားဖို့အတွက် အကိုတစ်ခုခုသွားလုပ်ပေးမယ်.."

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now