Arc-5.8

3.4K 418 58
                                    

ဖားလေးကတော့ သူ့ကိုတန်းလန်းကြီးထားခဲ့ပြီး အစားကိုသာသဲကြီးမဲကြီးစားနေသော် ကန်ဆိုဟေ့ကိုဒေါသတွေအသေထွက်နေတော့၏။ သူ့ထက်အစားကိုအလေးပေးနေတဲ့ ကန်ဆိုဟေ့ကြောင့်စိတ်ထဲကနေသာ ကျိတ်ပြီးကျိန်ဆဲနေတော့၏။

* သောက်host အကျင့်ကိုမကောင်းဘူး ငါ့ထက်အစားကအရေးကြီးနေတဲ့ပုံစံနဲ့ ခိုင်းစရာရှိရင်တော့ ချစ်ဖားလေး၊ ချစ်ဖို့ကောင်းတဲ့ဖားလေးဆိုပြီး ချွဲပြစ်နေတဲ့အသံနဲ့ခေါ်သေး..အခုမလိုတော့တဲ့အခါကျတော့ ဂျောင်ထဲထိုးထားတယ်..ငါလည်းဘယ်လိုရေစက်ဆိုးကြီးတွေကြောင့် ဒီသောက်ကျင့်မကောင်းတဲ့hostနဲ့ တွေ့ရတာလည်း...*

" အား...နာလိုက်တာ... "

" ညီလေးဘာဖြစ်လို့လည်း...ဘယ်နေရာနာနေလို့လည်း.."

ကန်ဆိုဟေ့ဆန်ပြုတ်ကိုစားနေတဲ့အချိန် သူ့လျာကိုသူပြန်ကိုက်မိသွားလေတယ်..သူနာသွားတာကြောင့်အသံထွက်ပြီး စကားပြောမိသွားလေတယ် ကန်ဆိုဟေ့ကိုမျက်လုံးဒေါက်ထောက်ဖြင့်ကြည့်နေသော် ကန်ဂျီမင်းဟာ ကန်ဆိုဟေ့ဖြစ်သွားတာကိုတွေ့ပြီး စိုးရိမ်စွာဖြင့်မေးမြန်းနေတော့တယ်..

ထိုအခါကန်ဆိုဟေ့ဟာသူ့အကိုကို ခေါင်းခါပြပြီး..
" လျာလေးကိုက်မိတာအကို တခြားဘယ်နေရာမှတော့မနာပါဘူး.."

" ​ဖြစ်မှဖြစ်ရလေကွာ အကိုညီလေးဆီကလုမစားပါဘူး ဖြေးဖြေးစား..."

" ဟုတ်အကို.."
ကြည့်ရတာသောက်ဖားစုတ်ငါ့ကို စိတ်ထဲကနေကျိန်ဆဲနေတာဖြစ်မယ်...ဟွန့်ဂရုမစိုက်ပါ ဆန်ပြုတ်သောက်တာပဲကောင်းတယ်...

၅မိနစ်ကြာသော်အခါ..

" ဂလု...ဂလု..ဟူး..စားသောက်လို့သောက်လို့ကောင်း.."

" ညီလေးကြိုက်ရဲ့လား..."

" ​ကြိုက်တာပေါ့အကိုရဲ့ အကိုလက်ရာကအကောင်းဆုံးပဲ "

" ညီလေးကြိုက်ရဲ့အကိုပျော်ပါတယ် နေ့ခင်းကျရင်ဘာစားချင်လည်း..."

" နေ့ခင်းကျရင် ဝက်နံရိုးကျော်နဲ့ငါးပေါင်းလေးစားချင်တယ်.."

"ကောင်းပြီအကိုချက်ပေးမယ်..ညီလေးခနနေကျရင် ဒေါက်တာတစ်ယောက်လာလိမ့်မယ် ညီလေးကိုစမ်းပေးဖို့.."

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now