Arc-6.9

2.4K 346 23
                                    

ဒီနေ့ ရိုင်းနော့နဲ့စရီးယားတို့ ပျော်ပျော်ရွင်ရွင်နဲ့စျေးကိုလှည့်ပတ်သွားလာခဲ့တယ်..ညရောက်မှသာအိမ်တော်ကို ပြန်ဖို့လုပ်ခဲ့ကြတယ်..သူတို့ပြန်တဲ့လမ်းတစ်လျောက်မှာ တိတ်ဆိတ်နေတယ်လို့အကုန်လုံးခံစားရ၏။ အရင်ဆိုရင်လမ်းသွားလမ်းလာများ ရှိပေမဲ့လည်းထိုနေ့မှာတော့ သူတို့ကလွဲရင်မည်သူမှမရှိကြ။

ဒါ့ကြောင့်ရိုင်းနော့ဟာ ရထားလုံးလေးကိုခဏရပ်ခိုင်းလိုက်တယ်..ကေလွန်ကိုရထားလုံးလေးထဲမှာပဲ နေခဲ့ခိုင်းလိုက်ပြီးသူကတော့ အပြင်ဘက်ကိုထွက်ကာပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု့လိုက်တယ်..ရိုင်းနော့ဘေးနားကိုရှိနေကြသော် သက်တော်စောင့်များကလည်းရောက်လာကြပြီး ထူးဆန်းနေကြောင်းပြောနေကြတယ်..

ထိုအခါရိုင်းနော့ဟာ..

" သခင်မလေးရဲ့ရထားလုံးပတ်ပတ်လည်မှာ မင်းတို့သွားနေလိုက်ကြ ခဏနေကျရင်ငါတို့ဆီကိုရန်သူတွေရောက်လာကြလိမ့်မယ် မင်းတို့လက်နက်တွေထုတ်ပြီး အရံသင့်လုပ်ထား...ပြီးတော့မင်းတို့မှာ ပုဝါရှိရင် အနံမရအောင်စည်းထားလိုက်.."

" ဟုတ်ကဲ့.."
အားလုံးကလည်းတစ်ညီတစ်ညွှန့်ထဲ ရိုင်းနော့ပြောတာကိုနာခံကြတယ်..ဘာကြောင့်လည်းလို့တောင်မမေးကြပဲ အကုန်လုံးလုပ်နေကြတယ်..ရိုင်းနော့ပြောတဲ့အတိုင်း​နေရာယူထားကြပြီး လက်နက်များကိုကြိုတင်ပြင်ဆင်ထားကြ၏။

သူတို့မှာရှိတဲ့ပုဝါကိုစည်းလိုက်ကြတယ်..အသင့်အနေအထားနဲ့ဓားများကိုင်ကာ ပတ်ဝန်းကျင်ကိုလိုက်​ကြည့်နေကြတယ်.. ရိုင်းနော့အပါအဝင်သက်တော်စောင့်တွေဟာ စုစုပေါင်း၁၀ယောက် ကျော်လောက်သာရှိတယ်..

ရိုင်းနော့ကတော့ ရထားလုံးရဲ့တံခါးပေါက်နားလေးမှာ ရပ်ပြီးသိုလှောင်ရုံလေးထဲကကျန်ရှိသော် ဓားမြှောင်၄ ချောင်းကိုထုတ်ယူလိုက်တယ်..ထိုဓားမြှောင်လေးချောင်းထိတ်မှာ အရင်တစ်ခါကသုံးသော်အဆိပ်ကိုသုတ်လိမ်းထားသည်။ ဒါ့အပြင်သူ့ဓားမှာလည်း အဆိပ်တစ်ချို့ကိုသုတ်လိမ်းထား၏။

မကြာခင်လာတော့ ရန်သူတွေကိုအသင့်စောင့်ကြိုလိုက်တယ်..ရထားလုံးထဲကကေလွန်ကလည်း မကြာခင်တစ်ခုခုများဖြစ်တော့မယ်ဆိုတာသူမသိလိုက်ရတယ်..ဒါကြောင့် ကြောက်စိတ်များဝင်ရောက်လာခဲ့တယ်..သူ့ကြောက်စိတ်တစ်ချို့ပျောက်အောင်ဆိုပြီးအပြင်က ရိုင်းနော့ကို..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now