Arc-1.6

7.8K 712 37
                                    


ဇာတ်လိုက် - ယန်ဇူလင်း
ဇာတ်လိုက်မ- ဝေ့ချင်းအော်
အရံဇာတ်ကောင်- ချောင်းမင်း
ချောင်းမင်းရဲ့သက်တော်စောင့် - ရှန်း
Mcဝင်တဲ့ကိုယ် - ရှောင်ကျန့်

ကားထဲကသူဟာ မျက်နှာကပြုံးယောင်သန်းနေပြီး မျက်ဝန်းလေးဟာလည်း တစ်ဖက်လူကို အကြည့်မလွှဲနိုင်အောင် လုပ့်နိုင်သည်။ မျက်ဝန်းအရောင်ဟာ တစ်ခြားသူနဲ့မတူပဲ ခရမ်းရင့်ရောင်လေး ဖြစ်နေတဲ့အတွက်ကြောင့် မြင်ရတဲ့သူတိုင်းကို အံ့သြသွားအောင်လုပ့်နိုင်လေတယ်.....

ယောကျာ်းပီသလှတဲ့ မျက်ခုံးတွေရှိလေသည်။ V ပုံသဏ္ဍန်မေးရိုးလည်းရှိသည်။
နှာတံလေးကလည်း ချွန်လှတယ်... သူ့ရဲ့နှခမ်းဟာလည်း ပြုံးနေလေတယ်...အမြဲတမ်းရယ်ပြုံးနေတက်တဲ့ သူမှန်းသိသာလှတယ်..အနောက်တိုင်းဝတ်စုံ မီးခိုရောင်ကိုဝတ်ဆင်ထားလေသည်။

ထိုသူရဲ့ဘေးနားကအရှိန်အဝါဟာ တခြားသူတွေကိုသက်တောင့်သက်သာ ဖြစ်စေသည်အပြင် ခမ်းနားထည်ဝါလှတယ်...
ထိုသူဟာ ကားထဲကနေ အပြင်မှာသူ့ကိုစိုက်ကြည့်နေတဲ့ ကလေးတစ်ယောက်ကို ပြုံးပြလိုက်ကာ..

" ကလေးလေး...ဘာဖြစ်လို့လည်း...ထိခိုက်မိတဲ့နေရာတွေရှိလား......"

ထိုအချိန်ကျမှာ အပြင်မှာကြောင်အနေတဲ့ ရှောင်ကျန့်ဟာသတိပြန်ဝင်လာပြီး...ခေါင်းကိုအသေခါပြလေတယ်...

ငါခုနကဘာဖြစ်သွားတာလည်း....သူ့ရဲ့အရှိန်အဝါက သက်​တောင့်သက်သာနဲ့ ရှိတယ်...ငါ့ရဲ့မျက်လုံးတွေလည်းကန်းတော့မှာပဲ ဘာကြောင့်အဲ့လောက်တောင် အဲလူကြီးရဲ့ဘေးနားမှာ လင်းထိန်နေရတာလည်း...သူဘယ်သူလည်း....

မဟုတ်မှ ရိပေါ်တော့မဟုတ်လောက်ပါဘူးနော်...သူဘယ်သူလည်းဟ...

ရှောင်ကျန့်တစ်ယောက်ကတော့ ကားထဲကသူကို သာစိုက်ကြည့်နေပြီး အတွေးများလေတယ်...ကားထဲကသူကတော့..သူ့ကိုစိုက်ကြည့်နေတဲ့ ကလေးကို သဘောတွေကျနေလေတယ်...

ဒီကလေးက အသဲယားဖို့တော်တော်ကောင်းတယ်..မျက်လုံးလေးဝိုင်းဝိုင်းလေးနဲ့ စိုက်ကြည့်နေတာကို သဘောကျတယ်...ဘယ်လိုလေးလည်းမသိဘူး....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now