Arc-2.4

5.9K 596 34
                                    

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mc ဝင်တဲ့ကိုယ်- ရှောင်ကျန့်

ယန်ဟာနောက်ဆုံးတော့ ရှောင်လုံဟန်နားကို သွားကာ သူ့ရဲ့ထိုက်ဟုတ်မဟုတ်စစ်ဆေးလေသည်။ နောက်ဆုံးတော့ ရှောင်လုံဟန်ကိုယ်ကနေ သူရင်းနှီးတဲ့အငွေ့အသက်လေးကို ရတော့မှ သူပျော်ရွင်စွာ ရှောင်လုံဟန်ပေါ်ကိုခုန်တက်လိုက်သည်။

ရှောင်လုံဟန်ကတော့ သူ့အပေါ်ခုန်တက်လာတဲ့ ခွေးလေး​ကြောင့်ပျော်သွားလေသည်။ ခွေးလေးအထဲကို ဝင်ထဲကသူ့အမြင်တွေကို ခွေးလေးဆီကိုသာပို့ထားမိတယ်...ခွေးလေးကိုဂုတ်ကနေမညာမတာနဲ့ မနေတဲ့တစ်ယောက်ကြောင့် အဲ့တစ်ယောက်ရဲ့လက်ကိုဖြတ်ချင်တာအသေပဲ...

နောက်တော့အောက်ချတာတောင် ပြစ်ချလိုက်တော့ သူရင်တွေအရမ်းပူသွားပြီး..သူကိုင်ချင်တာအသေပဲ ဒါပေမဲ့ကျန်နေသေးတဲ့အဖျားကြောင့် လူကမထနိုင်ပေ။ ခွေးလေးကိုတစ်ခြားသူတွေကိုင်တာကို ရှောင်လုံဟန်မြင်ပြီး စိတ်ထဲအလိုမကျတွေဖြစ်ပေါ်ခဲ့တယ်..

ဒါတွေဘာကြောင့်ဖြစ်လာမှန်း သူမသိ၊ သူသိတာက သူကလွဲရင်အဲ့ခွေးလေးကို တခြားသူကိုင်တာကိုမ​ကြိုက်ဘူး..သူလိုချင်တယ်ဒီခွေးလေးကို သူတစ်ယောက်ထဲကသာ ကိုင်ထားချင်တယ်..သူကလွဲရင်တခြားသူထိကိုင်တာ မကြိုက်ဘူး...

နောက်တော့သူ့ပေါ်ကိုခုန်တက်လာခဲ့တဲ့ ခွေးလေးကိုမလွှတ်တမ်းကိုင်ထားမိတယ်..သူဒီခွေးလေးကိုဘယ်တော့မှမလွတ်ပေးဘူး..သူအနားကနေထွက်ပြေးဖို့ လုပ်ရင်အမြဲတမ်းပိတ်လှောင်ထားဖို့တောင် စဥ်းစားလေသည်။

ရှောင်ကျန့်ကတော့ သူတို့တွေကိုအဖက်မလုပ်တော့ပဲ မြွေကိုကင်ဖို့လုပ့်နေတဲ့တစ်ယောက် အနားကိုလျောက်သွားပြီး ဘာကူညီရမလဲမေးပေမဲ့ ဟိုတစ်ယောက်ကတော့ ရတယ်လို့ပြောပြီး သူ့ကိုနားခိုင်းတယ်..ရှောင်ကျန့်လည်းဘာမှလုပ်စရာမရှိတော့ သူရဲ့နေရာကိုသွားပြီ ထိုင်နေခဲ့တယ်..

လင်းမင်းဟာလည်း သူ့နေရာမှာသူထိုင်ပြီစ မြွေကင်လေးကိုမျက်စောင်းထိုးနေတဲ့ ရှောင်ကျန့်လေးကိုအမြတ်တနိုးနဲ့ကြည့်နေလေတယ်..လင်လော့ကျင်းဟာတော့ လင်းမင်းကြည့်တဲ့အကြည့်တွေကို ကြည့်ပြီး ရှောင်ကျန့်ကိုမုန်းတီးစွာကြည့်နေလေတယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now