Arc-2.14

4.8K 558 35
                                    

( အပေါ်ကပုံလေးက ရှောင်လုံဟန်ပါ)

ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mc ဝင်တဲ့ကိုယ်- ရှောင်ကျန့်

လင်လော့ကျင်းဟာတော့  လင်းမင်းသူမကို အိမ်တော်ထဲကမောင်းထုတ်တဲ့နေကစပြီး လမ်းမှားကိုရောက်သွားခဲ့တယ်..ဒါ့အပြင်သူမရဲ့ဖခင်ဟာတော့ အာဏာတွေကျဆင်းလာခဲ့တယ်...

အဲ့ဒီကိစ္စတွေကြောင့် လင်လော့ကျင်းဆီမှာရှိတဲ့ တစ်ချို့အစေခံတွေဟာ ထွက်သွားခဲ့ကြတယ်..ဒါ့အပြင်သူမရဲ့အမိန့်ပေးတာတွေကိုလည်း မလုပ်တဲ့သူတွေရှိသေး။ အရင်တုန်းကဆိုရင် လင်းမင်းရဲ့ဇနီးဖြစ်လာမယ်ထင်ကာ အစေခံတွေကအစဖားကြတယ်..ဒါပေမဲ့ အခုတော့လင်းမင်းက လင်လော့ကျင်းကိုဂရုမစိုက်ဘူးဆိုတာကိုလည်း ကြားရော သူမကိုရှောင်ဖယ်သွားကြလေတယ်...

လင်လော့ကျင်းကတော့ ဒါတောင်ဇွဲမလျော့သေးပဲ လင်းမင်းနားကပ်ဖို့အမျိုးမျိုးကြံတယ်..လင်းမင်းအကြောင်းကိုသိချင်တာကြောင့် လင်းမင်းအိမ်တော်ကလူတွေကိုလက်ထိုးပြီးသတင်းသိအောင် ဘယ်လောက်ပဲကြိုးစားကြိုးစားသတင်းမရခဲ့..

အဲ့ဒါကြောင့်လင်းလော့ကျင်းဟာ လင်းမင်းအိမ်တော်ကသူတွေကို လက်မထိုးတော့ပဲရှန်းမြို့တော်မှာနေတဲ့ အမတ်ကြီးတစ်ဦးကိုလင်လော့ကျင်းချဥ်းကပ်ပြီး လင်းမင်းအကြောင်းကိုစုံစမ်းခဲ့တယ်..

ထိုအမတ်ကြီးဟာ လင်လော့ကျင်းကိုမြင်မြင်ချင်းစိတ်ဝင်စားသွားကာ လင်လော့ကျင်းသိချင်တာတွေကို ပြောပြပေးခဲ့တယ်..ဒါ့အပြင်လင်လော့ကျင်းဟာတော့ ထိုအမတ်ကြီးကိုအဖိုးခအနေနဲ့ သူမရဲ့ကိုယ်ကိုပါပေးလိုက်ရတယ်...ဒါတောင်လင်လော့ကျင်းကတော့ အပြုံးမပျက်ထိုအမတ်လိုချင်တိုင်း ဖြည့်ဆည်းပေးခဲ့တယ်..

လင်လော့ကျင်းအခုချိန်မှာဒါတွေကို ခဏလောက်သည်းခံပြီး လင်းမင်းသူမဆီရောက်လာတာနဲ့ ဒီအမတ်ကြီးသတ်ပစ်ဖို့ကြံရွယ်ထားလေတယ်..ထိုအမတ်ကြီးကတော့ လင်လော့ကျင်းလိုချင်တာတွေကို အကုန်လုံးဖြည့်ဆည်းပေး။ လင်းမင်းရဲ့အကြောင်းတွေကိုလည်း စုံစမ်းပေးခဲ့တယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now