Arc-5.14

2.8K 365 30
                                    


ကန်ဂျီမင်းဟာမနက်ထဲက သူ့ရဲ့ညီကိုတဣသိုလ်လိုက်ပို့ချင်ပေမဲ့လည်း စက်ဘီးနဲ့သွားချင်ပါတယ်လို့မရမကပူဆာနေတာကြောင့် သူလိုက်မပို့ခဲ့ရ။ သူလည်းပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အလုပ်ကိုသွားခဲ့တယ်..သူ့အလုပ်ကိုသာလုပ်နေပေမဲ့လည်း စိတ်ကသူ့ညီဆီမှာသာရောက်နေခဲ့တယ်.. သူ့ရဲ့စိတ်တွေလည်း လေးလန်နေခဲ့တယ်..

နေ့ခင်းထမင်းစားချိန်မှာလည်း တဣသိုလ်ကထမင်းကိုသူ့ညီစားနိုင်ပါ့မလားလို့လည်း တွေးရင်းစိတ်ပူနေခဲ့တယ်.. နောက်ဆုံးတော့လည်းမနေနိုင်ပဲ သူ့ညီအတန်းပြီးမဲ့အချိန်ကိုစုံစမ်းခိုင်းလိုက်တယ် နေ့ခင်း၂နာရီအတန်းပြီးမယ်လို့စုံစမ်းသိရှိလိုက်ရတဲ့အခါ သူအလုပ်များကိုအကုန်ပြီးစီးအောင်လုပ်နေတော့တယ်...

၂နာရီလည်းရောက်တဲ့အချိန် မပြီးသေးတဲ့အလုပ်တွေကိုအတွင်းရေးမှူးနဲ့အတူ ထားခဲ့လိုက်ပြီးသူ့ညီတက်တဲ့ တဣသိုလ်ကိုဦးတည်ခဲ့တယ်.. သူ့ညီတက်တဲ့တဣသိုလ်လည်းရောက်ရောအချိန်ဟာ ၂နာရီထိုးကျော်သွားခဲ့တယ်.. သူကားပေါ်ကဆင်းပြီးညီလေးကိုကြိုဖို့ တဣသိုလ်ကိုလှမ်းကြည့်လိုက်တဲ့အခါ တဣသိုလ်ဝင်ပေါက်၌ လူများစုဝေးနေတာကိုမြင်ရော သူရဲ့ခြေထောက်တွေဟာသူ့စကားနားမထောင်ပဲ ထိုစုဝေးနေတဲ့ဘက်ကိုလျောက်သွားခဲ့တယ်..

သူလည်းလူများစုဝေးနေတဲ့ဘက်ကိုရောက်သွားတဲ့အခါ သူရင်းနှီးနေတဲ့သူ့ရဲ့ညီကိုမြင်လိုက်ရတယ်..သူ့ညီဆီကိုသွားဖို့အပြင် သူကြားလိုက်ရတဲ့စကားဟာသူ့ကိုဒေါသအသေထွက်ပေါ်စေခဲ့တယ်..သူလည်းထိုစကားကိုပြန်တုန့်ပြန်ပြီး သူ့ညီဆီကိုသွားကာ ခေါင်းလေးပုတ်ပြီးနှစ်သိပ်လိုက်တယ်...

ကန်ဂျိမင်းသူ့ညီဘယ်လောက်တောင်များ ကြောက်နေမလဲဆိုတာ သူသိနေတယ်လေ သူမဒီလောက်ထိအရှက်သိက္ခာမဲ့မယ်လို့ သူ့ညီထင်မှာမဟုတ်။ သူလည်းဒီလောက်ထိဖြစ်မယ်လို့လည်း မထင်ခဲ့ဘူး.. သူတောင်သူ့ညီကိုဒီလိုမျိုးတစ်ခါလေးတောင်အမိန့်မပေးခဲ့ဘူး..အမိန့်ပေးဖို့နေနေသာခိုင်းတောင်မခိုင်းရက် ဒါကိုသူမလိုဘာမဟုတ်တဲ့သူကအမိန့်​ပေးတဲ့အတွက် သူဒီတိုင်းထားမည်မဟုတ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now