Arc-2.2

6.1K 720 94
                                    


ဇာတ်လိုက်- ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mcဝင်တဲ့ကိုယ်- ရှောင်ကျန့်

ကျွန်တော်ဒီနေ့တောထဲသွားပြီး..သားကောင်ဖမ်းနေတုန်း ကျွန်တော်ကိုလုပ်ကြံတဲ့သူတွေရောက်လာခဲ့တယ်  ကျွန်တော်ကအိမ်ရှေ့စံမင်းသားဆိုတော့ သတ်ချင်တဲ့သူတွေပေါ်နေတာပဲ...ဒါကြောင့်မလို့ကျွန်တော် မအံသြမိဘူး....ကျွန်တော်ကိုလာတိုက်တဲ့သူတိုင်းကို အရှင်မထားဘဲအကုန်လုံးသတ်လိုက်တယ်...

ဒါပေမဲ့ကျွန်တော်ကိုလာလုပ်ကြံတဲ့သူတွေက များသထက်များလာခဲ့တယ်....အစကနိုင်ပါသေးတယ်..ဒါပေမဲ့ကြာလာတာနဲ့အမျှ မောပန်းလာခဲ့တယ်...ကျွန်တော်သတိမထားမိတဲ့အချိန် ညာဘက်လက်မောင်ဒဏ်ရာရခဲ့တယ်...

နောက်တော့ ကျွန်တော်လည်းမနိုင်တော့ ထွက်ပြေးရှောင်တိန်းခဲ့တယ်..ကျွန်တော်ပြေးနေခဲ့တယ်..အနောက်ကနေလုပ်ကြံသူတွေ မလိုက်နိုင်လောက်တဲ့အထိကို ပြေးနေခဲ့တယ်..ကျွန်တော်ရဲ့အနာရှိန်ကြောင့် ကိုယ်တွေပူနေခဲ့တယ်..နောက်တော့ကျွန်တော်မခံနိုင်တော့ပဲ မေ့လဲသွားခဲ့တယ်...

မွှေးကြိုင်လှတဲ့အနံလေးကိုလည်းရရော ကျွန်တော်ပြန်သတိဝင်လာခဲ့တယ်....ကျွန်တော်မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာကကောင်လေးတစ်​ယောက်ရဲ့ နောက်ကျော်ပဲ....ခုနကမွှေကြိုင်နေတဲ့အနံက အဲ့ကောင်လေးဆီကနေရတာနေမယ်..သူတစ်ခုခုကိုစားနေခဲ့တယ်..

ကျွန်တော်နိုးလာတာကိုတောင် သူမသိဘူး...
ကျွန်တော်ရဲ့လက်မောင်းက ဒဏ်ရာကိုလည်း ငုတ်ကြည့်လိုက်တော့ ပတ်တိီးထားတယ်....ကျွန်တော်မေ့နေတဲ့အတော်အတွင်း သူကျွန်တော်ကိုပြုစုထားတာပဲ ဖြစ်မယ်..
ကျွန်တော်လည်းအားယူပြီး..ထဖို့ကြိုးစားပေမဲ့ ခေါင်းမူးလာတဲ့အတွက်ကြောင့် မထနိုင်ပဲ ပြန်ပြုတ်ကျခဲ့တယ်..

အသံကြားတော့ ကျွန်တော်ကိုကယ်ထားတဲ့ ကောင်လေးဟာ ကျွန်တော်ဘက်ကိုလှည့်လာပြီး..မျက်လုံးအဝိုင်းသားလေးနဲ့ စိုက်ကြည်နေတယ်....ကျွန်တော်ဆီပြေးလာပြီး..ထလို့ရအောင်လာထူပေးတယ်..

အကောင်လေးကပိန်ပိန်သေးသေးလေး..တော်တော်လေးကိုသေးတာ..အဝတ်တွေကလည်းစုတ်ပြတ်နေတာပဲ..သူအဝတ်စားတွေကိုကြည့်လိုက်မိလိုက်တော့မှ သူတောင်းစားဆိုတာကိုသိလိုက်ရတယ်..သူကတော့ ကျွန်တော်ရဲ့နှဖူးကိုစမ်းလိုက် ၊ လက်မောင်းကဒဏ်ရာကို ကြည့်လိုက်နဲ့ပေါ့..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now