Arc-2.5

5.5K 586 15
                                    

ဇာတ်လိုက် - ရှောင်လုံဟန်
ဇာတ်လိုက်မ- လင်လော့ကျင်း
ဒုတိယဇာတ်လိုက်- လင်းမင်း
Mc ဝင်တဲ့ကိုယ်- ရှောင်ကျန့်

မနက်ခင်းလေပြည်လေအေးလေးများသည်
မြက်ခင်များနှင့်သစ်ပင်များထံမှ စိတ်ရွင်လန်းစေတဲ့ အငွေ့အသက်လေးများကို ပေးစွမ်းနိုင်သည် အရှေ့အရပ်မှ သူရိန်နေမင်းကြီးဟာလည်း အရပ်ရှစ်မျက်နှာလုံးကို ဖြာကျလေသည်။ သူရိန်နေမင်းဖြာကျပေးနေတဲ့ အလင်းဟာတော့ ဘုရားကျောင်းပျက်ဟောင်းလေးရဲ့ အိမ်ခေါင်မိုးပေါ်ကိုဖြာကျလေ၏။

ငှက်ငယ်လေးများဟာလည်း...ကောင်းကင်ယံ၌ လူးလာပျံသန်းနေကြသည်။ ငှက်ကလေးများ ဟိုတစ်နေရာတစ်စု ဒီ​ရောတစ်ခုနဲ့ အပြိုင်ပျံသန်းနေကြ၏။ ထိုအချိန် တောတွင်းထဲမှာရှိတဲ့ ဘုရားကျောင်းပျက်လေးဟောင်းထဲမှာရှိတဲ့ သူတွေအကုန်လုံးဟာ နေရောင်ကြည်ဖြာကျတာနဲ့ နိုးလာခဲ့ကြသည်။

ကျောင်းပျက်ဟောင်းထဲကသူတွေဟာ မနက်စာကိုမနေ့ကကျန်နေသေးတဲ့ မြွေကင်လေးကိုစားပြီး ဗိုက်ဖြည့်လေတယ်..ဒီလိုနဲ့အကုန်လုံးစားသောက်ပြီး​ရော နှုတ်ဆက်ဖို့အတွက်အချိန်ကျလာခဲ့သည်။ ဘုရားကျောင်းပျက်ဟောင်းလေးကနေ အကုန်လုံးအပြင်ထွက်လာကာ...

" ဒီကသခင်လေးတို့ ဒီမှာပဲနှုတ်ဆက်ပါတယ်..."
ရှောင်ကျန့်ကအရင်နှုတ်ဆက်စကား ဆိုလိုက်တယ်...ထိုအခါ လင်လော့ကျင်းဟာလည်း..

" ကောင်းပါပြီရှင် နှုတ်ဆက်ခဲ့ပါတယ်...."
လင်လော့ကျင်းပုံစံဟာ ရှောင်ကျန့်ကိုဒီကနေမြန်မြန်ထွက်သွားစေတဲ့ ပုံစံပေါ်ပေါက်လာခဲ့သည်။ လင်လော့ကျင်းထိုသို့ပြောလိုက်တော့ ရှောင်လုံဟန်နဲ့ လင်းမင်းဟာ လင်လော့ကျင်းကိုစိုက်ကြည့်လိုက်တယ်...

လင်လော့ကျင်းကတော့သူမကို စိုက်ကြည့်နေတဲ့နှစ်ယောက်ကြောင့် သူမကိုသဘောကျလို့ ကြည့်တယ်ထင်ကာ ကော့ကာတင့်တယ်လှတဲ့ ပုံစံလုပ့်လိုက်လေတယ်....ရှောင်ကျန့်ဟာတော့ လင်လော့ကျင်းရဲ့ပုံစံကို ကြည့်ပြီး ခေါင်းခါကာ...

ဇာတ်လိုက်မတွေကတော့ ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ နေရာမှာလုံးဝကိုလိုက်မမှီတော့ဘူး....

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now