Arc-6.5

2.8K 372 21
                                    

( အပေါ်ကတစ်​​ယောက်ကတော့ စရီးယားလေးပါ ဘယ်သူလည်းဆိုတာသိတယ်ဟုတ်)

စျေးထဲ၌ ဝတ်ရုံအမဲကိုဝတ်ဆင်ထားသော် သူနှစ်ယောက်ရှိသည်။ သူတို့ရဲ့မျက်နှာကိုမမြင်ရအောင်လည်း ဝတ်ရုံနဲ့ပါသော်ခေါင်းစွတ်ကိုစွတ်ထား၏။

ထိုလူနှစ်ယောက်ဟာအရပ်အတူတူလောက်ရှိတယ်..တစ်ယောက်ကတော့ လက်အိတ်အဖြူကိုစွတ်ထားတယ်..ကျန်တစ်ယောက်ကတော့ ဘယ်ဘက်လက်မှာမှတ်စုစာအုပ်ကိုကိုင်ထားသည်။ လက်အိတ်အဖြူရောင်စွတ်ထားသော်ကောင်လေးဟာ သူ့ဘေးနာကသူကိုအရင်ဦးဆုံးစကားစပြောလိုက်တယ်..

" စရီးယား မင်းခုနကဘယ်ပျောက်နေတာလည်း.."

" ဟိုနားဒီနား.."

" ကောင်မလေးသွားချောင်းနေတာမှတ်လား.."

" ကောင်လေး.."

" ဘာ..."
အလန့်တကြားနဲ့အော်လိုက်ကာ သူ့ရဲ့ဘေးနားကစရီးယားဆိုတဲ့လူကို ကြည့်လိုက်တယ်..တကယ်တော့ လက်အိတ်အဖြူရောင်စွတ်ထားတဲ့လူဟာ ဒီကမ်ဘာကဇာတ်လိုက် ချာရစ်တိုင်းရိုဟတ်(စ်) ဖြစ်တယ်.. သူ့ဘေးနားကစရီးယားဆိုတဲ့သူကတော့ ဇာတ်လိုက်ရဲ့အကြံပေးဖြစ်သည်။

သူတို့နှစ်ယောက်ဟာ ငယ်ရွယ်စဥ်ထဲကခင်လာခဲ့ကြတဲ့သူနှစ်ယောက်ဖြစ်တယ်.. ငယ်ရွယ်စဥ်ထဲကဇာတ်လိုက်ချာရစ်ဟာ အိမ်ရှေ့စံဖြင့်ရွေးချယ်ခံခဲ့ရတယ်စရီးယားကတော့ သူ့သူငယ်ချင်းကိုဘေးနားကနေ အမြဲတမ်းကာကွယ်ပေးခဲ့ရတယ်.. ဒါကြောင့်ချာရစ်ဟာ တခြားသူတွေထက်စရီးယားကိုပိုပြီးယုံကြည်၏။

ချာရစ်ပိုင်ဆိုင်သော် အိမ်ရှေ့စံရာထူးကိုကျန်သော်မင်းသားများက မက်မောနေပြီးသူ့ကိုတိုက်ခိုက်လာတာကြောင့် အကာကွယ်ရှာဖွေနေတာဖြစ်တယ်.. ချာရစ်ကိုကာကွယ်ပေးမဲ့ရဲမက်တွေအစေခံတွေရှိပေမဲ့လည်း နောက်ခံအင်အားပိုပြီးတောင့်တင်းအောင်လို့ လူထက်စုနေကြတာဖြစ်တယ်..

အခုနန်းတော်ပြင်ပကိုထွက်လာကြတယ်ဆိုတာ ကေလွန်ရဲ့ဖခင်ဆီကိုသွားဖို့ထွက်လာကြတာဖြစ်တယ်..ကေလွန်ဖခင်ဟာအစပိုင်းကတော့ အိမ်ရှေ့စံမင်းသားချာရစ်ရုတ်တရပ်ရောက်ရှိလာတဲ့အတွက် ကြောက်လန့်သွားပေမဲ့လည်းမြန်မြန်ဆန်ဆန် ကြောက်စိတ်ကိုဖယ်လိုက်ရတယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now