Arc-6.6

2.6K 357 13
                                    

( အပေါ်ကတစ်​ယောက်ကတော့ ဒုတိယဇာတ်လိုက်မ အန်ဒါရီ(ခ်)နက်ဟန်)

" ချာရစ်!!!.."

" ဗျာ... ပြောပါချစ်လေး.."

" မင်း.."

" ဟားဟား.."
ထိုရယ်မောနေသော်သူဟာ ဇာတ်လိုက်ချာရစ်ဖြစ်တယ်..ဒေါသထွက်ထွက်နဲ့ပြောနေတဲ့ သူကတော့ ဒုတိယဇာတ်လိုက် ဗက်(စ်)တီးရားနက်ဟန်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ သူငယ်ချင်းလည်းမဟုတ်..ချစ်သူရည်းစားလည်းမဟုတ်သော် ဆက်ဆံရေးဖြစ်သည်။ ချာရစ်ဟာအမြဲတမ်း ဗက်(စ်)တီးရားကို စနောက်တက်တယ်..ချစ်လေးအသဲလေးလို့လည်းခေါ်တက်သည်။

ဗက်(စ်)တီးရားကတော့ ချာရစ်ကိုကြည့်မရဖြစ်နေခဲ့တယ်.. သူတို့နှစ်ယောက်ဒီလိုမျိုးဖြစ်သွားရတဲ့အကြောင်းအရင်းဟာ ရိုင်းနော့ကြောင့်လည်းဆိုင်သည်။ ချာရစ်ဟာ ဗက်(စ်)တီးရားကို ချစ်မိသွားခဲ့တယ်..ပထမဦးဆုံးသူတို့နှစ်ယောက်ဆုံခဲ့တဲ့အချိန်ဟာ နန်းတွင်းကပွဲတစ်ခုမှာဖြစ်တယ်.. ချာရစ်ကပွဲမှာပျင်းလာလို့ ရှောင်ထွက်သွားတုန်းက လရောင်အောက်မှာရှိနေသော် လူတစ်ယောက်ကိုမြင်ရင် ရင်ခုန်သွားခဲ့တယ်..

ထိုလူဟာတစ်ခြားလူမဟုတ် ဗက်(စ်)တီးရားဖြစ်တယ်..ထိုအခါတုန်းကချာရစ်ဟာ ယောကျာ်းလေးတစ်ဦးကိုဘာလို့ ရင်ခုန်နေမိမှန်းသူမသိခဲ့။ သို့ပေမဲ့လည်းထိုကပွဲပြီးနောက်ပိုင်း သူဗက်(စ်)တီးရားကို မြင်ချင်တဲ့စိတ်တွေပေါ်လာခဲ့တယ်..ဒါကြောင့်သူ ဗက်(စ်)တီးရားရဲ့အကြောင်းကိုစုံစမ်းခဲ့တယ်..

ကံတရားကသူ့ဘက်မှာပါတယ်လို့တောင်ထင်မိခဲ့..ဘာကြောင့်လည်းဆိုတော့ သူ ဗက်(စ်)တီးရားကိုနောက်ထက်တွေ့လိုက်ရတယ်..သူအဲ့တုန်းကစိုးရိမ်ပူပန်ခဲ့ရတယ်..ဘာကြောင့်လည်းဆိုတော့ သူ့ကိုယ်ပေါ်မှာဒဏ်ရာဒဏ်ချက်တွေနဲ့ တွေ့လိုက်ရတာကြောင့်ဖြစ်တယ်..

ဒါကြောင့်ဘေးနားမှာကြောက်ရွံ့စွာ လဲလျောင်နေသော်သူတွေကို သတ်ဖို့လုပ်လိုက်တဲ့အချိန် ထိုသူတွေရဲ့ပါးစပ်ကနေအမြှပ်များထွက်လာပြီး သေသွားတာကိုတွေ့လိုက်ရတယ်..ဒါ​ကြောင့်သူလည်းစရီးယားကိုထိုကိစ္စများလွှဲပြီး ဗက်(စ်)တီးရားကိုပွေ့ချီကာ သူ့နန်းဆောင်ဆီကိုအလျင်အမြန်သွားခဲ့ရတယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now