Arc-5.10

3.3K 421 117
                                    

( အပေါ်ကပုံက " ဘာကြည့်တာလည်း ဘဲလည်းမရှိပဲ ငါ့ကိုဘာလို့ကြည့်နေတာလည်း." အဲ့ပုံစံနဲ့ဆင်သလိုပဲ..)

ကန်ဆိုဟေ့သူ့ရဲ့ဖားလေးပြောပြချက်အရ သူ့ကိုကြည့်နေကြတဲ့အကြည့်တွေကို သဘောပေါက်သွားခဲ့တယ်..ဒါတွေရဲ့အားလုံးတရာခံမှာ ဇာတ်လိုက်မဖြစ်တယ်..သူမဟာကန်ဆိုဟေ့သူ့ကိုအနိုင်ကျင့်တဲ့ပုံစံတွေလုပ်ပြလိုက် သူမပဲကန်ဆိုဟေ့ကို
အရမ်းခင်တွယ်တဲ့ပုံစံတွေလုပ်ပြနေတော့ တခြားသူများဟာကန်ဆိုဟေ့ကို မကောင်းတဲ့ကောင်ဆိုပြီးထင်နေကြတာကြောင့် ထိုအကြည့်များကြည့်နေကြချင်းဖြစ်တယ်..

သူတို့ကိုလည်းသွားပြီးအပြစ်တင်လိုမှမဖြစ်
သူတို့တွေဟာသူမရဲ့လုပ်ဇာတ်ခင်းတဲ့ထဲကို ကျရောက်သွားတာကြောင့်သူတို့ရဲ့အမှားမဟုတ်ပေ။ အရင်ကန်ဆိုဟေ့ကတော့ ဒါတွေကိုသူသတိမထားမိ၊ သူသတိထားမိတာက လီဂျန်ဘတ်ကိုသာသတိထားမိနေတာကြောင့် ဇာတ်လိုက်မရဲ့ဇာတ်ထဲကိုကျရောက်သွားခဲ့တယ်..

ဒီလိုမျိုးတွေကြောင့်လည်း ဇာတ်လိုက်လီဂျန်ဘတ်ဟာ ကန်ဆိုဟေ့ကိုကြည့်မရဖြစ်နေခဲ့တယ်..သူချစ်ရတဲ့သူမကိုအနိုင်ကျင့်တဲ့အကြောင်းတွေကြောင့်လည်း ဆိုင်၏။ အချစ်တစ်ခုထဲကိုသာကြည့်နေတဲ့ ကန်ဆိုဟေ့ကတော့ဒါတွေကို သတိမမူခဲ့ပေ။

အခုတော့ ကန်ဆိုဟေ့ကိုယ်ထဲကရှောင်ကျန့်တစ်ယောက်ကတော့ အရင်ကန်ဆိုဟေ့ရဲ့အကြောင်းကိုစဥ်းစားနေတဲ့အခိုက် သူ့အနောက်ကနေမျက်ရည်ဝဲတေးတေး ဖြစ်နေသော်ဇာတ်လိုက်မဟာ ဆက်ပြီးတော့ပဲငိုဖို့ပြင်ရတော့မလား ရပ်ရတော့မလားဖြစ်နေတော့တယ်..

သူမကိုအခုထိကြည့်ဖို့နေနေသော် သောက်ဖက်တောင်မလုပ်တဲ့ ကန်ဆိုဟေ့ကြောင့် ဒေါသတွေထောင်ခနဲထွက်သွားပေမဲ့လည်း ဘေးနားမှာသူတို့ကိုဝိုင်းကြည့်နေကြတဲ့သူတွေရှိနေတာကြောင့် သူမဒေါသတွေရုတ်သိမ်းလိုက်ရတော့တယ်...နောက်ပြီးကန်ဆိုဟေ့ရဲ့အရှေ့ကိုလျောက်သွားကာ..

" ဆိုဟေ့ နင်ငါ့ကိုသနားပါနော် ငါ့မှာသူပဲရှိတာမလို့ပါ.."

"...."
ရှောင်ကျန့် သူ့နားထဲရောက်ရှိလာတဲ့အသံကြောင့် စဥ်းစား​နေတာကိုရပ်လိုက်ပြီးသူ့အရှေ့မှာဘယ်တုန်းကမှန်းမသိ ရောက်ရှိနေသော်ဇာတ်လိုက်မရဲ့မျက်နှာကိုအနီးကပ်မြင်လိုက်ရတာကြောင့် လန့်သွားပြီးအနောက်သို့ခြေတစ်လှမ်းဆုတ်မိသွားတော့တယ်..

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now