Arc-4.12🐰

4.4K 517 40
                                    

ရှောင်ကျန့်သူ့ပုံစံကိုပြောင်းလဲသွားနိုင်ပေမဲ့လည်း သူ့ရဲ့နားရွက်လေးကတော့ ကျန်နေခဲ့တယ်..ဖားလေးကိုအလကားလုပ်ပေးဖို့အကူညီတောင်းခံပေမဲ့လည်း ဖားလေးကတော့pointပေးမှ ရမယ်ဆိုပြီးငြင်းဆန်နေတော့တယ်...ရှောင်ကျန့်သူ့ကိုအလကားမလုပ်ပေးတာကြောင့် ထိုနေ့မှာလည်းဖားလေးနဲ့ရန်ဖြစ်နေတော့တယ်.....

' ဖားလေး မင်းစောက်ကြည့်ယုတ်တယ်ကွာ အလကားပေးတော့ သေမှာဆိုးလို့လား...'

' host ဘယ်လောက်ပဲပြောပြောမပေးဘူး အဲ့တော့ဘာဖြစ်ချင်လည်း...'

' အော်...မင်းကမပေးဘူးပေါ့လေ ဟန့် ငါကတော့တမင်သတ်သတ်စုနေတာ ငါ့ရဲ့ချစ်ဖားလေးကို ဖားပုံစံကနေ လူပုံစံလေးပြောင်းပေးလို့ရအောင်ဆိုပြီး pointတွေကို မသုံးရက်တာကြောင့် သူ့ဆီကနေအလကားတောင်းနေတာ အဲ့ဒါကိုမင်းက..ရတယ်လေ အဲ့လောက်တောင်pointတွေလိုချင်နေတယ်ဆိုရင် နှုတ်လိုက်.....'

' ခဏ..ခဏလေး host point တွေစုနေတာက ကျွန်တော်ကိုလူပုံစံပြောင်းနိုင်အောင်လို့လား...'

' ဟုတ်တယ်လေ မင်းကဘာထင်နေတာလည်း....'

' ဟဲဟဲ ချစ်hostလေးကလည်း စိတ်မဆိုးပါနဲ့ ကျွန်တော်အလကားပေးပါမယ်..ဟီးဟီး....'
နောက်ဆုံးတော့လည်း ဖားလေးရှောင်ကျန့်ကိုအလကားလုပ်ပေးလိုက်ရတော့တယ်...ဖားလေးကတော့သူ့ကိုလူပုံစံပြောင်းပေးမှာကိုသိပြီး ပျော်နေတော့တယ်...ထိုနေ့ကရှောင်ကျန့်ရဲ့ တစ်ဖက်ခြမ်းကိုတော့ဖားလေးမမြင်လိုက်ပေ။

အခုလက်ရှိ...

အခုဆိုရင်ရှောင်ကျန့်နဲ့​ဘိုင်ရှီချန်းဟာ သူတို့နှစ်ယောက်ရဲ့အရှေ့မှာ မျက်နှာငယ်လေးနဲ့ငိုနေတဲ့ မိန်းကလေးကိုသာစိုက်ကြည့်နေတော့တယ်...သူတို့နှစ်ယောက်အသံလာရာကိုလိုက်ရှာနေတဲ့အချိန်မှာ မြက်ခင်းပြင်ပေါ်မှာ ထိုင်ပြီးငိုနေတဲ့ကောင်မလေးတစ်ယောက်ကိုသာမြင်ခဲ့ရတယ်..အခုလည်းထိုကောင်မလေးကိုဘာစကားမှမပြောသေးပဲ ကြည့်နေကြချင်းဖြစ်တယ်...

ရှောင်ကျန့်တစ်ယောက်ထဲကသာစိုက်ကြည့်နေတာဆိုရင် ပိုမှန်ပေသည်။ ဘာကြောင့်လည်းဆိုတော့ ဘိုင်ရှီချန်းဟာထိုငိုနေတဲ့ကောင်မလေးကိုမကြည့်ပဲ ရှောင်ကျန့်ကိုသာစိုက်ကြည့်နေချင်းဖြစ်တယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now