Arc-3.3

5.2K 552 26
                                    

( အပေါ်ကပုံက ယန်ဝင်တဲ့ မင်ဂူရှောင်ပါ)

ရှောင်ကျန့်ဟာတကယ်တော့ မိဘမဲ့ဂေဟာမှာသာ ကြီးပြင်းလာသူဖြစ်တယ်...သူ့အသက်၁၀ နှစ်မှာ သူ့ကိုလူကြီးတစ်ယောက်က မွေးစားခဲ့တုန်းကဆိုရင် ရှောင်ကျန့်ပျော်ရွင်နေခဲ့တယ်...ရှောင်ကျန်ကိုမွေးစားသူရဲ့နာမည်ဟာ ဦးလုံကျိုး၊ ဦးလုံကျိုးဟာ လိင်တူချစ်ကြိုက်သူဖြစ်သည်။

ဦးလုံကျိုးငယ်ငယ်တုန်းက သူချစ်ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့တယ်..ဒါပေမဲ့လည်း ကံတရားကသူ့ဘက်မပါခဲ့ဘူး...သူတို့နှစ်ယောက်ရဲ့မိဘတွေက သူတို့ကိုခွဲထုတ်ခဲ့တယ်...ဦးလုံကျိုးချစ်ရတဲ့ကောင်လေးဟာ စိတ်ဓာတ်တွေကျခဲ့ပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခဲ့တယ်...

ဦးလုံကျိုးကလည်း သူချစ်ရတဲ့ကောင်လေးနောက်ကို လိုက်သွားချင်ပေမဲ့လည်း ချစ်ရတဲ့သူလေးရဲ့နောက်ဆုံးစကားကြောင့် မလိုက်သွားခဲ့တာဖြစ်တယ်..ဦးလုံကျိုးကို အသက်ရှည်ရှည်နေပါလို့ ပြောခဲ့တာကြောင့်ဖြစ်တယ်...

ဦးလုံကျိုးဟာသူ့မိဘတွေ စီစဥ်ပေးတဲ့ အိမ်ထောင်ရေးကို ပျက်ပျက်သားသားငြင်းခဲ့တဲ့အပြင် သူသေတဲ့အထိ အိမ်ထောင်ရက်သား မပြုဘူးလို့လည်း ပြောခဲ့တယ်..သူ့ရဲ့အမွေတွေကို ဆက်ဆံဖို့အတွက် မိဘမဲ့ဂေဟာကနေ ကလေးတွေကို မွေးစားခဲ့တယ်...

ပထမတစ်ယောက်ကတော့ လန်ကျန့်ဆိုတဲ့ကောင်လေးကို အရင်မွေးစားခဲ့တယ်..လန်ကျန့်ဟာ အပြုံးအရယ်မရှိတဲ့သူဖြစ်တဲ့အပြင် စကားပြောနည်းသူတစ်ဦးလည်းဖြစ်တယ်...လန့်ကျန့်ကိုမွေးစားပြီး နောက်၃နှစ်မှာထက်ပြီး နောက်တစ်ယောက်ကိုမွေးစားခဲ့တယ်...

ဒုတိယတစ်ယောက်ကတော့ ရှောက်ဂျန်တုံ၊ ထိုတစ်ယောက်ကတော့ အမြဲတမ်းပြုံးရယ်နေပြီး လူတစ်ဖက်သားကို ဂရုစိုက်တဲ့အပြင် တစ်ဖက်သားရဲ့ ဒုက္ခကိုကူညီပေးသူလည်းဖြစ်တယ်...ရှောက်ဂျန်တုံကိုမွေးစားပြီး ၅နှစ်အကြာမှာ ရှောင်ကျန့်ကိုထက်မံမွေးစားခဲ့တယ်...

ရှောင်ကျန့် ဦးလုံကျိုးရဲ့ အိမ်ကိုရောက်ရောက်ချင်းတုန်းကသူပျော်ရွင်နေခဲ့တယ်..ဦးလုံကျိုးကသူ့ကို ဂရုစိုက်သလို၊ ဦးလုံကျိုးမွေးစားထားတဲ့ သားနှစ်ယောက်ကလည်း ရှောင်ကျန့်ကိုညီလေးတစ်ဖွယ် ဂရုစိုက်ကြတယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now