Arc-2.6

5.4K 558 30
                                    


ရှန်းမြို့တော်..

ရှန်းမြို့တော်ဟာ ရှောင်တိုင်းပြည်ရဲ့အရေးပါအရာရောက်တဲ့ မြို့တော်တစ်ခုဆိုရင်လည်းမမှားပေ။တခြားမြို့တော်တွေထက်ချမ်းသာပေါ်ကြွယ်လှတယ်..လမ်းမထက်မှာလည်း လူများအသွားအလာနဲ့ ရှုပ်ရှက်ခတ်လေတယ်...မိန်းမပျိုလေးများဟာတော့ သူ့ထက်ငါအပြိုင်အလှပအောင် မျက်နှာချေများ သုတ်လိမ်းထားသည်။

ဝတ်စားဆင်ယင်ထားတဲ့ အဝတ်ထည်တွေဟာလည်း လူချမ်းသာတွေသာဝတ်ဆင်နိုင်တဲ့ ပိုးသားဖြင့်ချုပ်ထားတဲ့ ဝတ်စုံတွေကိုဝတ်ဆင်ထားသည်။ လမ်းမထက်မှာတော့ စျေးရောင်းသူတွေရဲ့ အော်ဟစ်သံတွေနဲ့ ခွေးဟောင်သံတွေနဲ့ ဆူညံလှသည်။

ထိုအချိန် ' ချမ်းလင်း' ဆိုတဲ့တည်းခိုခန်းရဲ့ အပေါ်ထက်မှာရှိတဲ့ အခန်းလေးတစ်ခန်းထဲမှာတော့ အသက်၁၅ နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အပြာရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး...ခုံသေးလေးပေါ်မှာ ထိုင်ကာရေနွေးချမ်းလေးကို ဖြေးညှင်းစွာသောက်လေသည်။

ထိုအမျိုးသားလေးဟာ ဆံကေသာအဖြူရောင်ဖြစ်ပြီး..ငွေရောင်ဆံထိုးလေးနဲ့ ဆံပင်တစ်ဝက်ကိုထိုးထားလေသည်။ ကျန်တဲ့ဆံသားလေးတွေကိုတော့  ဖားလျားချထားလေသည်။ ဝတ်ဆင်ထားတဲ့အပြာရောင် ဝတ်ရုံရည်နဲ့လိုက်ဖက်တင့်တယ်လှသည်။

မြင်တဲ့သူတိုင်းကို ​​ရင်ထဲမှာအေးချမ်းမူ့ကို ပေးစွမ်းနိုင်တဲ့အပြင် သက်သောင့်သက်သာနဲ့ ခင်မင်ရင်းနှီးသွားနိုင်လောက်အောင်ကို ညိုယူနိုင်သည်။ ရေနွေးချမ်းလေးကို သောက်နေတဲ့ပုံလေးဟာ ပန်ချီကားတစ်ချက်ကို ကြည့်နေရသလိုမျိုး အနုပညာဆန်လှတယ်..

ထိုကောင်လေးဟာတစ်ခြားသူမဟုတ် ရှောင်ကျန့်ဖြစ်သည်။ ထိုနေ့ကလင်းမင်းဆီကနေ ထွက်ပြေးလာခဲ့တာဟာ တစ်နှစ်ရှိသွားပြီဖြစ်တယ်...အဲ့တစ်နှစ်အတော်အတွင်း အရင်ရှောင်ကျန့်လေးရဲ့ ဆန္ဒအတိုင်းတစ်နေရာဝင် တစ်နေရာထွက် ပျော်ပျော်ကြီး မုန့်ပတ်ခဲ့တယ်...အဲ့ဒါကြောင့် အရင်ကလိုပိန်လှီလှတဲ့ ရှောင်ကျန့်လေးဟာအခုဆိုရင် ပိုမိုချောလာတဲ့အပြင် ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာခဲ့တယ်...

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now