Arc-6.2

3K 375 24
                                    

( အပေါ်ကတစ်ယောက်ကတော့ ဇာတ်လိုက်မကေလွန် အိုလီဂါ)

' ဖားလေး ငါမင်းကိုမေးမယ်ဒီကမ်ဘာမှာ မျက်မှန်တပ်တဲ့သူဘယ်နှစ်ယောက်လောက်ရှိမယ်ထင်လည်း..'

' 30% လောက်ပေါ့..'

' ငါ့ကိုမနှစ်သိပ်ပေးချင်ဘူးလား..'

'No.. '

' ရက်စက်လိုက်တာ..'

' အမယ် ခုနတုန်းကတော့ဒီကမ်ဘာက သောက်ရမ်းလွယ်တယ်ဆို ကိုယ့်ဘာသာအေးဆေးနေရင်တောင်မှ mission ပြီးမှာဆို..'

'....'

' မှတ်ညဏ်လေးစစ်လိုက်တာနဲ့ အကုန်အောင်မြင်ပြီဆို ခုနကတုန်းကလွယ်လွန်းလို့အော်နေပြီတော့ အခုမှဘာတွေအော်ဟစ်နေတာလည်း ကိုယ့်ဘာသာလုပ်..'

' အူးဝါး ဖားလေးရက်စက်​နေပါတယ်ဗျို့..'
အသံပြဲကြီးဖြင့်ရိုင်းနော့ အော်ဟစ်နေတော့တယ်..
ဖားလေးကတော့မကြားသလိုဟန်ဆောင်ကာနေနေတော့တယ်..

ရိုင်းနော့အော်ဟစ်ပြီးသွားတာနဲ့...

' ဖားလေးငါလေးကို ရုပ်ရည်အဆင့်မြင့်ပေးအုန်းလေ...'

' okok မေ့သွားလို့ ရုပ်ရည်အဆင့်မြင့်တင်နေပါပြီ 1%..2%..30%.50%..100%..'

ဖားလေးမြင့်တင်ပြီးတာနဲ့ရိုင်းနော့ သူ့ရဲ့မျက်နှာတစ်စုံတစ်ခုပြောင်းလည်းနေတာကိုသတိပြုမိလိုက်တယ်..ထိုအရာကိုသူအာရုံမစိုက်ပေ။ သူရုပ်ဆိုးသည်ဖြစ်စေ၊ချောသည်ဖြစ်စေ သူချစ်ရတဲ့သူဟာသူတစ်ယောက်ထဲကိုသာချစ်မယ်ဆိုတာကို သူသိတယ်..

အရင်ကတော့သူကြောက်နေပေမဲ့လည်း အခုတော့ကိုယ့်ကိုယ်ကိုယုံကြည်မူ့ရှိလာခဲ့တယ်..ရိပေါ်ကသူဘာကြီးပဲဖြစ်နေပါစေ သူ့ကိုချစ်မြတ်နိုးတယ်ဆိုတာကို သူ့အတွင်းစိတ်ထဲကနေကိုသိလာခဲ့တယ်..တကယ့်ကမ်ဘာမှာလည်း ရိပေါ်သူ့ကိုချစ်နေတယ်ဆိုတာကို ခန့်မှန်းနိုင်တယ်..

ရိုင်းနော့ဘာမှထက်မစဥ်းစားတော့ပဲ ဖားလေးကို..

' ဖားလေး အခုဘယ်အချိန်ရောက်ပြီလည်း ဇာတ်လိုက်တို့နှစ်​ယောက်တွေ့ပြီလား...'

' နောက်တစ်လ ကပွဲကျမှတွေ့မှာ အဝေးကြီးလိုသေးတယ် အချိန်တွေလည်းကျန်သေးတယ်..'

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now