system နယ်​မြေ

2.5K 317 15
                                    


သူမျက်လုံးဖွင့်လိုက်တော့ သူ့ရဲ့အဖြူရောင်ခန်းလေးထဲကိုရောက်ရှိနေတာတွေ့လိုက်ရတယ်..သူ့လက်ကိုငုတ်ကြည့်လိုက်တဲ့အခါ ကောင်းကင်နတ်သားပေးထားသော် လက်ပတ်ကိုသူမတွေ့မိပေ။ တစ်နေရာရာမှကျပျောက်သွားပြီလားလို့တွေးနေတုန်း..သူ့အနောက်ကနေသူလွမ်းနေခဲ့တဲ့သူရဲ့ အသံကိုကြားလိုက်ရတယ်..

' သောက်host ကျွန်တော်ကိုမချစ်ပဲ အဲ့လက်ပတ်ကိုချစ်နေတာတော့ မဟုတ်ပါဘူးနော်..'

ရှောင်ကျန့်အသံလာရာဘက်ကို ကြည့်လိုက်တဲ့အခါ သူ့ကိုမထိမဲ့မြင်နဲ့ကြည့်နေသော်ဖားလေးကို သူတွေ့လိုက်ရတယ်..သူဘယ်လောက်ထိပျော်သွားလည်း သူပဲသိတယ်။ သူအပျော်ကြီးပျော်နေပေမဲ့လည်း ဖားလေးကိုစနောက်ချင်တာကြောင့်..

' မင်းထက်လက်ပတ်လေးက ငါ့စကားပိုနား​ထောင်တယ်..အလကားတွေလည်းရတယ်..'

' အခုကစပြီး hostကိုအလကားကောင်လို့ပဲ ခေါ်တော့မယ်..အလကားလိုချင်လို့..'

' ဘာ..ဖားလေးမင်းငါ့ကိုနာမည်ပြောင်တွေ ပေးနေတာများနေပြီနော်..'

' အဲ့တော့ဘာဖြစ်လည်း..'

' မင်း..အဟွန့်..ငါထင်ထားတာကမတွေ့တာကြာသော် မင်းအချိုးတွေပြောင်းနေမယ်လို့ထင်နေတာ မင်းဒီတိုင်းကဒီတိုင်း..'

' ကျွန်တော်လည်း hostကိုအရင်ကထက် ပိုကောင်းလာပြီထင်တာ..အရင်ကအတိုင်းကျွတ်ကျွတ်..'

'....'
နှစ်ယောက်သားအကြည်ချင်းပြိုင်လိုက်တယ်..နောက်တော့နှစ်ယောက်သားမထိန်းနိုင်ပဲ ရယ်မော်နေကြတော့တယ်..ဖားလေးရောရှောင်ကျန့်ရောပေါ့၊ ဖားလေးအစကတွေးထားတာက သူ့hostကိုတွေ့ရင်ပြေးဖက်ပြီး လွမ်းတဲ့အကြောင်းပြောမယ်ပေါ့၊ ဒါပေမဲ့လည်းသူ့ရဲ့ဘုကလဲ့စိတ်တွေက ပြင်မရခဲ့။

ခဏအကြာနှစ်ယောက်သားရယ်မောလို့ ပြီးသွားခဲ့ကြတယ်...
' ဖားလေး တကယ်တော့ငါမင်းကိုလွမ်းနေတာ.. '

' ကျွန်တော်ရောပဲ ကျွန်တော်hostကိုလွမ်းတဲ့အကြောင်းပြောချင်ပေမဲ့ host ကိုမြင်ရောဘုကလဲ့ပြောချင်တဲ့စိတ်တွေကပေါ်လာတယ်လေ အဲ့ဒါနဲ့ပဲပြောမိလိုက်တယ်..'

စောင့်နေပေးပါရိပေါ် (S-2) (Completed)Where stories live. Discover now