ep(48)final

8.8K 207 29
                                    

ခုဆိုရင် ညီအကိုနှစ်ယောက်ပြန်ဆုံဆည်းခဲ့လေပြီ။
လွန်းခေတ်နဲ့ သုတ တို့နှစ်ယောက်ကို ကြည့်ရင်း ပိုင်မှူးဝမ်းနည်းဝမ်းသာ ငိုမိခဲ့တယ်။

လွန်းလည်း ပိုင်မှူးသုတဆီထွက်သွားပြီးမကြာဘူး သတိရလာခဲ့တာ...
ပိုင်မှူး သုတကိုခေါ်ပြီးပြန်လာတော့ ခုလိုညီကိုနှစ်ယောက် ဆုံဆည်းသွားရခြင်းပဲ။

''ကိုကိုလွန်း ဒါဆိုရင် သုတက ဦးလေးတောင်ဖြစ်နေပြီပေါ့။''

''အင်းပေါ့ ညီရာ..''

''တူချောလေးက အိပ်မောကျနေရှာတာ..
ချစ်ဖို့အရမ်းကောင်းတာပဲ ကိုကိုရာ..
ပါးလေးတွေပြည့်ဖောင်းနေတာ ကိုကိုလွန်းနဲ့တူတာပဲ...''

''ဟုတ်ပါပြီဗျာ..''

အဲ့ဒီရယ်သံလေးတွေက ပြန်ဆုံစည်းစေတဲ့အထိမ်းအမှတ်နေ့လေးတနေ့ဖြစ်ခဲ့ရတာပေါ့။

.

.
.
မဟူရာလည်း အရင်က ပြစ်မှုတွေအတွက်
ထောင်ဒဏ် နှစ် သုံးဆယ် ကျခံခဲ့ရတယ်။

သုတကတော့ လွန်းနဲ့သာ အတူတူလိုက်နေပြီး သူအရင်က ဖွင့်ခဲ့တဲ့ကော်ဖီဆိုင်လေးမှာပဲ အလုပ်ပြန်လုပ်နေခဲ့တယ်။

အိမ်ထောင်ရေးမှာ အဆင်ပြေပြေရှိတဲ့ အကိုဖြစ်သူရဲ့ မိသားစုဘဝလေးကိုကြည့်ပြီး သုတ ပြုံးပျော်နေမိတယ်။

ကိုကိုပျော်နေတာ မြင်ရရင် သူလည်းပဲပျော်ရွှင်ရတယ်လေ...

ရက် လ နှစ်တွေ တရွေ့ရွေ့ကုန်လွန်လာတော့ အရွယ်ရောက်လာတဲ့ စစ်လွန်းပိုင်လေးဟာ ခုဆိုရင် ဆယ်နှစ်ဆိုတဲ့အသက် အရွယ်ထဲမှာပါ။

''ဒယ်ဒီပိုင်.. သားကို ဖေဖေလွန်းက ရိုက်တယ်။''

မနက်မိုးလင်းရင် လွန်းနဲ့စစ်လွန်ပိုင်ကတော့ ရန်ဖြစ်နေကြပဲ..
အကြောင်းကတော့ ကျောင်းမသွားချင်တဲ့သားတော်မောင်ကြောင့်ပင်။

''ဒယ်ဒီရေ..ဖေဖေလွန်းရိုက်နေတယ်..သားနာတယ် မရိုက်ပါနဲ့..အဟင့်..အဟင့်..''

အဲ့လိုဖြစ်ရင် ပိုင်မှူးတစ်ယောက် လွန်းနဲ့သားရဲ့ကြား ဝင်လာရပြီ မဟုတ်ရင်
သားဖြစ်သူကို ဆုံးမလို့မပြီးသူက လွန်းခေတ်ပင်...

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now