par(4)

841 28 18
                                    

လွန်းမနေ့ကအအေးမိသွားသောကြောင့်
ပိုင်မှူးမှာ Company ကိုပင်မသွားနိုင်ပဲ လွန်းကိုသာဂရုစိုက်ပေးခဲ့ရသည်။

''လွန်းရေ လွန်း...နေ့လည်စာစားပြီးရင် ဆေးသောက်ဖို့မမေ့နဲ့နော် ကိုယ်သားတို့ကိုကျောင်းကြိုသွားလိုက်ဦးမယ်။''

''အင်းပါ..ကိုပိုင် လွန်းသောက်လိုက်ပါ့မယ်။စိတ်ချနော်...''

''ကောင်းပြီ.. မတည့်တာတွေခိုးစားမနေနဲ့အုံး တခုခုဖြစ်ရင်ကိုယ်ပဲရင်ကျိုးရမှာ။''

''ဟုတ်ပါပြီဗျာ ဒီနေ့ကျောင်းရောရောက်ဦးမလားကိုပိုင်။မပြီးတော့ဘူး။''

''စိတ်မချလို့်မှာနေရတာပေါ့ လွန်းငယ်ရာ။''

''သွားပါ..ကျွန်တော်ခလေးမဟုတ်တော့ဘူး
သိဖို့လိုတယ်.ဟွန်း။''

ထိုသို့ပြောကာ
မျက်စောင်းထိုး၍ အခန်းထဲဝင်သွားတဲ့လွန်းရယ်ပါ။
ဒါကိုကြည့်ပြီး ပြုံးစိစိဖြင့် ကားပေါ်တက်သွားတဲ့ပိုင်မှူး။

ဒီကောင်လေးကသူ့အပေါ်အရမ်းအရမ်း
ဆိုးပြီးချစ်တာထက်ချစ်လာအောင် လုပ်နိုင်စွမ်းတယ်။
ဒီနှောင်ကြိုးများကြား သူ့မှာ ပိုမိုချည်နှောင်ခံလေး လိုလိုလားလားကိုအဖြစ်ခံနေမိတာ ဒီလူသားလေးကြောင့်ပင်။
ပြန်တွေးလိုက်တိုင်း အတိတ်တွေကအရမ်းကို သာယာဖွယ်တွေရှိခဲ့သလောက်
ဆိုးဝါးခြင်းတွေပါ ဒွန်တွဲနေပြန်တယ်။

စစ်မဟာဆိုတဲ့သူ့ပြိုင်ဘက်က သူ့ရဲ့လွန်းငယ်ကို ခိုးပြေးပေါင်းသင်းခဲ့သည့်ကိစ္စသာ။ထို့နောက် သူ့ကိုပါအတိတ်မေ့အောင်
ချောင်းရိုက်ခိုင်းခဲ့သေးတာ။
ဒီစစ်မဟာဆိုတဲ့လူက သူနဲ့တော့ ပြိုင်ဘက်ထက် ရန်သူတော်ကြီးဖြစ်ခဲ့တာဆိုပိုမှန်လေသည်။
အခုတော့ ဟိုက သေသွားပြီမို့ လွန်းငယ်ကိုသူကသာ ထာဝရပိုင်ဆိုင်ခဲ့ရပြီပေါ့။သူကသာပိုင်ရှင်အစစ်ဖြစ်တာမဟုတ်လား။

ခြံထဲမှထွက်လာသောကားလေးသည်
တရွေ့ရွေ့မောင်းနှင်လာရင်း..အထက်တန်းကျောင်းလေးရှိရာဆီသို့။

ကျောင်းရှေ့ရောက်တော့ သားဖြစ်သူတွေအလာကို ကားခေါင်းကိုမှီရင်းဖြင့် ပိုင်မှူးရပ်စောင့်နေမိတယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now