ep(38)💔

2.9K 136 5
                                    

မနက်ရောက်တော့..သူ့ကိုဖက်ပြီးအိပ်ပျော်နေတဲ့စစ်မဟာကို ကုတင်ပေါ်က ကန်ချပစ်လိုက်တဲ့ လွန်း...

''ဘုတ်''ဆိုပြီးကုတင်ပေါ်က ပြုတ်ကျသူနဲ့
''အာ့..နာလိုက်တာ..''

စောနက ဒေါသဖြစ်ဖြစ်နဲ့မို့သတိမထားမိပေမဲ့ အခုမှခါးအောက်ပိုင်းဆီက ဆစ်ခနဲဆစ်ခနဲ နာကျင်လာတဲ့အတွက်..လွန်း
စစ်မဟာကို ဝါးစားမတတ်အကြည့်တို့နဲ့ကြည့်လိုက်ပြီး ''ခင်ဗျား..ခင်ဗျားကြီးယုတ်မာထားပြန်ပြီပေါ့။''

''ကလေး ဘာဖြစ်နေတာလဲ.. ကိုယ်နားမလည်တော့ဘူးကလေးရာ..မနေ့ကလည်းမနက်ကတည်းကထွက်သွားတာ ညမိုးချုပ်တဲ့အထိ ကိုယ့်ဆီဖုန်းလေးတောင်တချက်ဆက်ဖော်မရဘူး နေနိုင်လိုက်တာ။
ညရောက်ပြန်တော့လဲ clubထဲမသောက်နိုင်တဲ့အရက်တွေသောက်ပြီးဘဝပျက်ရတော့မလို့ ကိုယ်လာခေါ်တာမြန်လို့သာပေါ့ မဟုတ်ရင် ဟိုချာတိတ်တစုလက်ချက်နဲ့ကလေးကို တစ်စစီလိုက်ကောက်နေရမှာ။''

''အဲ့ညက ကလေးပါးစပ်ထဲ သူတို့ထည့်ပေးလိုက်တာက ချိုချဥ်မဟုတ်ဘူး..စိတ်ကြွဆေးလုံး.. ကလေးအဲ့ဒါစားပြီး
ဘာတွေဘယ်လိုဖြစ်တယ်ဆိုတာ သိရောသိရဲ့လား။''

''မသိဘူး..ခင်ဗျားအဲ့ဒါနဲ့ကျွန်တော့်ကို လုပ်လိုက်တယ်ပေါ့..ဟုတ်လား။''

''မလုပ်ပေးလို့မှမရတာ ကလေးကတောင်းဆိုနေမှတော့ ကိုယ့်ဘက်ကလိုက်လျောပေးရတာပေါ့။''

''နစ်နာနေအုံးမယ်.. ဦးစစ်မဟာ..
နာကျင်နေရပြီဗျ..ခင်ဗျားကြီးအရမ်းထန်ထားပုံပဲ။''

''အာ့တော့များသွားပြီ အိပ်ကောင်းခြင်းမအိပ်ရဘူးကလေးရာ ကိုယ်အိပ်ရေးမဝသေးဘူး..ဆက်အိပ်ပါရစေအုံး။
မိုးလင်းခါနီးမှ အိပ်ရလို့ပါ..ဟီးဟီး..''

''ခင်ဗျားကြီး.. ဘာရယ်တာလဲ.ပုံစံကိုက စပ်ဖြီးဖြီးနဲ့ပိုးကိုမသေဘူး..''

''သွား ကိုယ့်အခန်းကိုယ်ပြန်အိပ် ကျွန်တော့်အခန်းထဲ လာမအိပ်နဲ့...''

''သေချာလည်းပြန်ကြည့်ပါအုံး မလွန်းခေတ်ရယ် ဒါဘယ်သူ့အိပ်ခန်းလည်းဆိုတာ။''

''ခင်ဗျားကြီး လူကို 'မ' တပ်ပြီးမခေါ်နဲ့ မကြိုက်ဘူးနော်...''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now