par(7)

773 15 7
                                    

အိပ်မပျော်နိုင်တဲ့ညချမ်းမှာ လွန်းတစ်ယောက် သူ့နံဘေးမှ လူနှစ်ယောက်ကိုချန်ရစ်ကာ အခန်းထဲမှတိတ်တိတ်လေး ထွက်လာမိတယ်။အဲ့ဒီနောက်သူဦးတည်မိသည်က ကလေးတွေရဲ့အိပ်ခန်းရှိရာသို့...

''သားငယ် သက်သာရဲ့လားဟင်။''

''သားသက်သာနေပါပြီ ဖေဖေလွန်း။ဖေဖေမအိပ်သေးဘူးလားဗျ။''

''ဖေဖေအိပ်မပျော်လို့ပါသားငယ်။
အင်းပါ ဖေ့သားငယ်ကခုထိမအိပ်သေးဘူးလား အခန်းထဲမှာမီးလင်းနေလို့ ဝင်ကြည့်မိတာ။''

''သားရဲ့အိမ်စာတွေလုပ်နေလို့ပါဖေဖေလွန်း။''

''ဟုတ်ပါပြီဗျာ...ဒါနဲ့သားအကိုရော
အခန်းထဲမှာမတွေ့ပါလား။''

''ကိုကိုကဦးငယ်နဲ့ရှိနေတယ် ဖေဖေလွန်း။''

''သုတနဲ့ပြန်လိုက်သွားတာလားအကြီးကောင်က...ဖေဖေလဲမသိပါလား။''

''ဖေဖေကသားအတွက်စွပ်ပြုတ်ချက်နေလို့မသိတာဖြစ်မယ် ကိုကိုသွားတာဒယ်ဒီစစ်သိတယ်။''

''ဟုတ်လား..''

''ဟုတ်ကဲ့ဖေဖေလွန်း..''

''ကဲ..သားငယ်
အချိန်လဲမစောတော့ဘူး အိပ်တော့နော်။စာကြည့်တာကကောင်းပေမဲ့ သားငယ်ရဲ့ကျန်းမာရေးကိုလည်းဂရုစိုက်သင့်တယ်။
ကဲ..အိပ်တော့နော် လိမ္မာတယ်။''

''ဟုတ်..ဒါပေမဲ့သားက
ဖေဖေလွန်းနဲ့အတူအိပ်ချင်တာ ..သားနဲ့အတူတူအိပ်ပေးနော်..နော်လို့။''

သားငယ်ကသူ့အားဂျီပူတိုက်နေသည်မို့ လွန်းလည်းပဲ ဘာမှပြောမနေတော့..ဒီလိုနဲ့ပဲသားဖနှစ်ယောက်သားအိပ်ယာဝင်ဖြစ်ခဲ့ကြတယ်။

''ကောင်းပြီ..''

✴✴✴✴✴✴✴✴✴✴✴✴✴✴

''morning ဦးငယ် သားကျောင်းသွားတော့မယ်နော်။''

''အေးပါကွာ..ဂရုစိုက်သွားနော် အကြီးကောင်။''

''ဟုတ်..ဦးငယ်။''

မနက်စာစားပြီးတာနဲ့စစ်လွန်းပိုင် ကျောင်းသို့ထွက်လာလေတော့တယ်။

တူဖြစ်သူထွက်သွားတာနဲ့ သုတမှာ မဟူရာဘက်သို့ခေါင်းလှည့်လာတော့သည်။
''မနေ့ကအိပ်ပျော်ရဲ့လား လူကြီး။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now