ep(1)💔

28.2K 637 13
                                    

ညအလင်းရောင်ဝိုးတဝါးမှာ ကားကိုအရှိန်ပြင်းပြင်းမောင်းနေမိတဲ့ စစ်မဟာ
သူအိမ်မှာနေတာ လှောင်အိမ်တစ်ခုထဲအချုပ်ခံထားရသလိုပဲ။
မာမီဆုံးတာဖြင့် မကြာသေးဘူး ဒယ်ဒီကနောက်အိမ်ထောင်ထပ်ပြုခဲ့လို့ မိထွေးနဲ့
ခဏခဏစကားများရန်ဖြစ်ရပေါင်းလဲ မနည်းတော့ဘူး။

တစ်ဦးတည်းသောသား ဖြစ်လို့သာပေါ့
မဟုတ်ရင် အဲ့ဒီမိန်းမကြီးရဲ့ မာယာတွေကြား ဒယ်ဒီရဲ့စည်းစိမ်တွေကို အဲ့မိန်းမကြီးကအပိုင်သိမ်းမှာမလွဲ​ေပ။

ခုလည်းစိတ်ညစ်ညစ်နဲ့ အရက်ဘားတစ်ခုကို ထွက်လာခဲ့တော့တယ် ဒီညသူ့အဖို့
စိတ်ပျော်ရွှင်ရရင် ပြီးပြီလေ။ကျန်တာတွေ
အုန်းစားလို့ ဘေးခဏချိတ်ထားလိုက်တယ်။

ဘားနာမည်က heat you love အသစ်အဆန်း နာမည်လေးနဲ့မို့ မြင်သမျှတွေကလဲ စစ်မဟာအတွက် အသစ်အဆန်းများဖြစ်လို့နေတယ်။

ကောင်တာမှာ အပြင်းစားအရက်ကိုမှာပြီးတော့သူ
တချိုက်တည်းမော့ပစ်လိုက်တယ်။

လည်ချောင်းထဲပြင်းရှတဲ့အပူလှိုင်းတွေ စီးဝင်သွားတဲ့အခါမှာတော့ သူ့ရဲ့စိတ်တစ္ဆေကို နှိုးထလိုက်မိသလို လူကြားထဲ တိုးဝင်
ပျော်ပါးပါလေရော။

"လွန်း..ငါတို့နဲ့ ဘားကိုလိုက်ခဲ့ပါကွာ ဒီတခါငါတို့ ပြန်မဆုံနိုင်သလောက်ဖြစ်ရမှာ..
ငါမသွားချင်တဲ့ နိုင်ငံခြားဆိုတာကြီးကို ခဏမေ့ထားချင်ရုံပါ။အဲ့ဒီတော့ နောက်ဆုံးနှုတ်ဆက်ပွဲလေး လုပ်ပေးမလို့ပါ လွန်းရာ။"

"လိုက်ခဲ့ပါကွာ မင်းမပါရင် ငါငိုလိုက်မှာနော်"
နေပိုင်ရဲ့ ဂျစ်ကျကျစကားလုံးတွေကို
လွန်းခေတ် ဘာမှမပြောသာတော့ပဲ "အေးပါကွာ.. ငါလိုက်ခဲ့ပေးမယ် ရပြီလား။"

"ဟေ့ကျော်စွာ..လွန်းကလိုက်မယ်တဲ့ ငါတို့
ခုမှဖွင့်တဲ့ ဘားအသစ်ကို Go ကြရအောင်။"

"မင်းသိလား..ဘားနာမည်လေးက အဆန်းနော် hate you love တဲ့ကွ ငါတော့ အရမ်းသွားချင်နေတာ ခုတော့ ဆန္ဒတွေပြည့်ဝရပြီလေ လွန်းခေတ်ဆိုတဲ့ ငါ့အချစ်ဆုံးသူငယ်ချင်းကြီးပါလို့ပဲ။"

ကားမောင်းနေတဲ့ ကျော်စွာက "ဟေ့ရောင် နေပိုင် ငါ့ကိုကျတော့ ဘယ်ချောင်ထဲ ထိုးထားခဲ့လို့ ငါကမပါရတာလည်း။"

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now