ep(21)💔

3.4K 159 2
                                    

  လွန်းမှာသွားခဲ့တဲ့စကားတွေကို နားထဲပြန်ကြားယောင်နေတဲ့ နှိုင်းမခ..''ကိုပိုင်မှူး
ကိုလွန်းစိတ်မချလို့ပါတဲ့..ကိုနှိုင်းသေချာဂရုစိုက်စောင့်ရှောက်ပေးပါတဲ့။''

'အမှန်တော့ လွန်းရယ် ကိုပိုင်မှူးဆိုတာက
ကိုနှိုင်းရဲ့ ကျေးဇူးရှင်ပါ..ကိုနှိုင်းဘက်က
ကြည့်ရှု့စောင့်ရှောက်ပေးရမဲ့ တာဝန်ရှိပြီးသား။'

သူအိမ်အောက်ထပ်ကိုဆင်းလာရင်း ''အမေ..''

မနက်စာပြင်ပေးနေတဲ့ အမေဖြစ်သူကိုခေါ်ရင်း..
''သားနှိုင်း..သားပိုင်နိုးပြီလား..''

''မနိုးသေးဘူးအမေ..သားဒီနေ့ ရုံးမှာအစည်းဝေးပွဲရှိလို့ စောစောသွားရမှာ..အမေပဲ
ကိုပိုင်မှူးကို ဂရုစိုက်ပေးအုံးနော်။''

''ဟုတ်ပါပြီ သားရယ် ကဲ မနက်စာအဆင်သင့်ဖြစ်ပြီ စားတော့နော်။''

''အမေလုပ်စရာရှိတာလုပ်လိုက်အုံးမယ်။''

''ဟုတ်ကဲ့ အမေ...''

စစ်မဟာ လွန်းရဲ့ဖုန်းနံပါတ်ကို အလွတ်ရနေတဲ့အတွက်..လွန်းဆီ ဖုန်းဆက်ပြီး သူနဲ့တွေ့ရန်ချိန်းဆိုလိုက်တော့တယ်..အကြပ်ကိုင်ပြီးတော့ပေါ့။

ဆိတ်ငြိမ်နေတဲ့ ကန်တော်ကြီးထဲက ဆိုင်တစ်ဆိုင်မှာ ချိန်းဆိုလိုက်ခြင်းပေ။

သူမနက် ၁၀ နာရီ တည်းက ရောက်နှင့်နေခဲ့တယ်..လွန်းအလာကိုစောင့်ရင်း စီကရက်ဖွာကာ ကန်ရေပြင်ကိုကြည့်နေမိတယ်။

'စစ်မဟာ မင်းရဲ့အရင်က ပုံစံက ဒီရေပြင်ကြီးလိုပဲ အမြဲတမ်း လှုပ်ရှားနေခဲ့တာ။
မိန်းမတကာနဲ့ပက်သက်တဲ့စရိုက်နဲ့ ခုများတော့ ကွဲပြားထားလိုက်တာ လွန်ရောပဲ။
ဒီကောင်လေးကြောင့် မင်းဘဝကြီးလဲ
လူတကာရှေ့မှာ ဗရမ်းဗတာတွေကိုဖြစ်လို့ပါပဲလားကွာ။'

အတွေးတွေကြောင့်ထင်ပါရဲ့ သောက်နေတဲ့ လက်ထဲကစီကရက်တောင် ကုန်သွားလို့ ပြာဘဝရောက်ကုန်ပြီ..ဆေးလိပ်ပြာခွက်ထဲ ပစ်ထည့်ရင်း..''လွန်းမလာသေပါလား..''နာရီကိုကြည့်ပြန်တော့ ၁၁ နာရီ အတိမှာ။

ဒါလည်း သူဆက်စောင့်နေခဲ့တယ်..နောက်
၅ မိနစ်လောက်နေတော့.. ဆိုင်ရှေ့ ကားနက်လေးတစ်စီးထိုးဆိုက်လာခဲ့တယ်။
'သေချာတယ်.. လွန်းဆိုတဲ့ ကျွန်တော့်ရဲ့ ကလေးငယ် လာပြီဆိုတာ။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now