ep(7)💔

5.4K 248 6
                                    

''ဟာကွာ..ငါမျက်လုံးထဲမြင်သမျှ အဲ့လူကြီးပဲဖြစ်ဖြစ်နေတယ်..ငါမုန်းလို့ပါ.ပေါ်မလာပါနဲ့ ငါ့ရဲ့အမြင်အာရုံတွေထဲ...
နေရထိုင်ရခက်လိုက်တာ..ငါ့ကိုမှ.. ဘာလို့ငါ့ကိုမှ သူကအဲ့လိုကြီးလုပ်ရတာလဲ..
ဟူးးး...မကျေနပ်လိုက်တာ စစ်မဟာဆိုတဲ့
လူကြီး။''

ကန်ဘောင်ဘေး ထိုးရပ်ထားတဲ့ ကားခေါင်းပေါ်ထိုင်ရင်း လွန်းတစ်ယောက်ဒေါသပုန်ထနေပါရဲ့...စစ်မဟာရဲ့ လုပ်ရပ်ကို ပြန်ပြန်တွေးပြီး သူနေရထိုင်ရခက်နေတော့တယ်။

''မဖြစ်သေးပါဘူး..ငါသင်တန်းဝင်ရအုံးမယ်
စောစောသွားတာပဲကောင်းပါတယ်လေ။''

လွန်းကတော့ သင်တန်း class ကိုစောစောထွက်လာခဲ့မိတယ်။

အမြဲပေါ့ပေါ့ပါးပါးရှိလှတဲ့ ပိုင်မှူးဆက် ခုလည်းပဲ သူရဲ့အာရုံစိုက်မှုတွေကို အပိုင်သိမ်းယူထားတဲ့ကောင်လေးတစ်ယောက်ကြောင့် အရင်ကထက်ပိုသွက်လက်နေတော့တယ်။
(အချစ်က ဘယ်အချိန်ဖြစ်ဖြစ်အမြဲလန်းဆန်းလက်ဆတ်စေတယ်ဆိုတာပေါ့)
😊😊

ရုံးမှာ လုပ်စရာရှိတဲ့အလုပ်တွေကိုအပြီးသတ်နေတဲ့ ပိုင်မှူးဆက်... ညနေ
သူတွေ့ချင်တဲ့ အပြုံးပိုင်ရှင်လေးအတွက်
ကြိုးစားနေခြင်းပါ။

ဟိန်း..ကုမဏ္ဏီရဲ့ CEO ကတော့ brands
တွေအတွက် အတွင်းရေးမှူးနဲ့ မန်နေဂျာ
ရုံးရဲ့ တာဝန်ရှိသူတွေကို လုပ်ငန်းအတွက်
အစည်းဝေပွဲအသေးစာ လုပ်ရင်းညွှန်ကြား
နေပြန်ရဲ့။

''ဒီလရဲ့ နှစ်ချုပ်စားရင်းတွေကို အကုန်ပြန်စစ်ပါ မေသူ ငါမနက်ဖြန်အပြီးလိုချင်တယ်နော်။''

စစ်မဟာ သူ့ရဲ့အတွင်းရေးမှူးမလေးမေသူကို နှစ်ချုပ်စားရင်းတွေပြန်စစ်ခိုင်းနေခြင်းပါ.

.''ငါအစည်းအဝေးပွဲပြီးတာနဲ့ သွားစရာရှိလို့ လိုအပ်တာကို မန်နေဂျာ ကိုထိုက်က
ဦးစီးပါလိမ့်မယ်..ကဲဘာမရှင်းတာရှိသေးလဲ အခုတင်သွင်းတဲ့ brands showroom
ပွဲပြီးရင် ရုံးကဝန်ထမ်းတွေကို party လုပ်ပေးမယ် ဒီတော့ ကြိုးစားထားကြ ကိုယ့်လူတို့ရေ။''

ဝန်ထမ်းအားလုံးကတော့ ကြိတ်ပျော်နေကြတယ်..သူတို့ရဲ့ CEO ကဘယ်တော့မှ
ဝန်ထမ်းတွေအပေါ် မောက်မာမှုမရှိဘူးဆိုတာကြောင့် ကျိန်းသေ party ပွဲကိုလုပ်ပေးမှာ ကြိုသိနေကြလို့ပဲ။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now