par(5)

884 21 18
                                    

အိမ်ရှေ့မှကားရပ်သံကြောင့် လွန်းအိမ်ရှေ့ကိုထွက်လာမိသည်။
သားနှစ်ယောက်နဲ့ယောကျာ်းဖြစ်သူက မီးဖိုခန်းထဲ အလုပ်ရှုတ်နေသည်မို့ သူကပဲ
ဧည့်သည်အားထွက်ကြည့်မိတဲ့သဘောပါ။

ဒါပေမဲ့... ကားပေါ်ကဆင်းလာတဲ့လူက
သူ့အားရင်ခွင်ထဲဆွဲသွင်းကာ တင်းတင်းကြပ်ကြပ်ဖက်ထားခြင်းကိုသူ့မှာခံလိုက်ရလေသည်။

''ဘာလုပ်တာလဲ...''

''baby..ကိုယ်ပြန်လာပြီနော် မကြောက်နဲ့တော့။''

''အမ်း...''

သူ့အားဖက်တွယ်ထားသည့်လူကိုသေချာပြန်ကြည့်မိတော့မှ..
'ဟင်..သူကကိုကိုလား။'

''လွန်း...baby နေကောင်းရဲ့လားဟင်။''

သူ့အားမျက်လုံးဝိုင်းလေးနဲ့ကြည့်နေတဲ့ကောင်လေးကို စစ်မဟာပြုံး၍မေးလိုက်ပေမဲ့ သူ့အားပြန်ဖြေမလာပေ။ထိုအစားမျက်လုံးလေးသာ အပြူးသားဖြင့်...ကြောင်အနေခဲ့သည်။

''baby..''

သူဖိခေါ်လိုက်တော့မှ..
''ကိုကိုလားဟင်...ကိုစစ်ကသေပြီလေ
ခင်ဗျားဘယ်သူလဲ ဒီကိုဘာလာလုပ်တာလဲ။ကိုကိုနဲ့ဘယ်လိုပက်သက်တာလဲ။''

အတင်းရုန်းကာသူ့အား ပြောလာတဲ့အတွက်..စစ်မဟာရဲ့ရင်ထဲ မကောင်းလှပေ။သို့သော်..

''baby...ကိုယ်ကစစ်မဟာအစစ်ပါကွာ
လွန်းရဲ့ယောကျာ်းလေကွာ။''

''ကိုကိုကသေပြီ...လွန်းအိမ်မက်မက်နေတာတော့မဟုတ်ဘူးထင်တယ်။''

ထိုသို့ပြော၍သူ့ပါးသူပြန်ပြီးခပ်ဆတ်ဆတ်လေးပြန်ရိုက်နေတဲ့ကောင်လေးကြောင့်..

''နာလိမ့်မယ်..baby ''

သူထိုကောင်လေးရဲ့လက်အားတားဆီးပြီး
နာမည့်အကြောင်းပြောခဲ့ပေမယ့်..ပြန်မေးလာတဲ့အမေးစကားလေးကြောင့်။

''ကိုကိုက စစ်မဟာပါနော်...မှန်လားလို့။''

''အင်း''ဟု
သူခေါင်းငြိမ့်ပြမိပေမဲ့ မယုံတဲ့မျက်ဝန်းလေးတွေကြောင့်..ထပ်မေးလာပြန်တယ်။

''သူဆိုရင် ခင်ဗျားကျွန်တော့်ကိုဘယ်လို ရယူခဲ့တယ်ဆိုတာ ပြော။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now