book(2)par(1)

1.4K 30 15
                                    

ဆယ့်ငါးနှစ်မတိုင်မီကအချိန်...

စိမ်းစိုစိုတောင်တန်းကြီးများ၏ မြေနေရာနဲ့တိုက်ခတ်လာတဲ့ သဘာဝလေတို့ကြောင့် တောင်ပေါ်မြို့လေးတွင် သူဟာ နေသားကျလာခဲ့ပြီ။

ရိုးရိုးချည်လုံချည်အကြမ်းနဲ့ ဂျိုင်းပြတ်စွပ်ကျယ်အဖြူတို့အား ဝတ်ဆင်ထားတဲ့သူဟာ ချွေးများစွာထွက်၍နေပြန်သည်။
လက်ထဲမှပုဆိန်ကို မြေပြင်ပေါ်ပစ်ချလိုက်တဲ့သူ..
ထို့နောက် ဝါးကွပ်ပစ်ပေါ်သို့ထိုင်ချလိုက်ပြီး
အသင့်ငှဲ့ထားတဲ့ ရေနွေးကြမ်းခွက်အားလက်လှမ်းကာယူလိုက်လေသည်။

''မောင်ရင် နားနားနေနေလုပ်ပေါ့ ထင်းတွေကသုံးဖို့လုံလောက်နေပါပြီ။''

''ရပါတယ် ဘကြီးစော..ကျွန်တော်မပင်ပမ်းပါဘူးဗျာ။နောက်ရက်တွေ ခြံစည်းရိုးအတွက်ဝါးခုတ်ရမယ်မဟုတ်လား။''

ထိုသို့ပြောပြီးနောက် လက်ထဲမှ ရေနွေးခွက်ကို တကျိုက်တည်းမော့ချလိုက်ပြန်သည်။

''ဂလု..ဂလု ..''

''ဒါနဲ့ မောင်မိုးညို
မနေ့ညက တစ်ယောက်ယောက်ရဲ့နာမည်ကိုခေါ်လိုက်သလိုပဲ ဒါမှမဟုတ်
မောင်ရင်အတိတ်တွေကိုပြန်မှတ်မိလာပြီလား
ဘကြီးကိုပြော။''

''ကျွန်တော် ခေါင်းကိုက်ဝေဒနာစွဲနေတာလားဘကြီးစော မနေ့ညကတည်းက ဒီခေါင်းတစ်ခုလုံးနာကျင်နေရတာပဲ။အတိတ်ဟုတ်လား...''

''မင်းရဲ့အတိတ်တွေကိုပြန်မရှာချင်ဘူးလား
ကောင်လေး။''

''သိချင်မိပေမဲ့ ကြောက်မိပြန်တယ်ဘကြီးစော။
ကျွန်တော် မဝံ့ရဲပါဘူး။ ကျွန်တော်က ဘယ်သူဘယ်ဝါဆိုတာထက် ခုထိကျွေးမွေးကယ်တင်ပေးထားတဲ့
ဘကြီးကိုတောင် ဒုက္ခတွေပဲရောက်စေခဲ့တာမဟုတ်လား။ကျွန်တော်က မကောင်းတဲ့လူပဲဖြစ်ဖို့များမှာပါ ကျွန်တော့်ကို ဂရုစိုက်မနေပါနဲ့ဗျာ ဘကြီးစောသာ ကျန်းမာနေအောင်နေပေးပါ။''

''ဟင်းး..တယ်လည်းခက်သကိုးကွ မောင်ရင်ရဲ့နာမည်ကိုတောင် ဘကြီးကမသိတာကွာ မင်းရဲ့အကြောင်းကိုစုံစမ်းဖို့က တစ်ခုပဲရှိတော့တယ်
မင်းကို သတင်းစာထဲမှာ ကြော်ငြာထည့်ပေးဖို့ပဲမောင်ရင်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now