ep(20)💔

3.7K 155 0
                                    

ဖုန်းဝင်လာတဲ့အတွက်.. ဒေါ်မေထား ဖုန်းကိုင်လိုက်တော့..
   "Hello မာမီ''

    "Hello သားငယ်..ပြောလေ''

''မာမီ ကိုကို့ကို သားရှာမတွေ့တော့လို့..''

''ဘယ်လို သားငယ် သားကိုကိုကို ရှာမတွေ့တော့ဘူး ဟုတ်လား။
မာမီ စိတ်ပူလှပြီ....သေချာရှာကြည့်ပါအုံး
သားငယ်ရယ်။''

''ဟုတ်ကဲ့..မာမီ သားသေချာထပ်ရှာကြည့်ပါ့မယ်။''

''အင်းပါ သားငယ်...''

'လွန်း..ကိုပိုင်မှူးကို ဘယ်လိုစိတ်ချရမလဲ..
ဒီပုံစံအတိုင်းဆိုရင် နောက်ထပ် တစ်ခုမဟုတ်တစ်ခုတော့ အဖြစ်မခံနိုင်ပါ။
နောက်ကွယ်က လုပ်ကြံတာ..'

"ကိုနှိုင်း"

''ပြောလေ..လွန်း ဘာမေးမလို့လဲဟင်။''

''ကိုပိုင်မှူးကို သေချာဂရုစိုက်ပေးပါနော်
လွန်း စိတ်မချလို့.. တနေ့နေ့တော့ ကိုပိုင်
လွန်းကို မှတ်မိလာမှာပါ။အဲ့ဒီနေ့ကို လွန်းစောင့်ရင်း.. မျှော်နေပါ့မယ် ကိုနှိုင်းဆီ ကို ကိုပိုင်မှူးကို အပ်ခဲ့တယ်နော် လွန်းစိတ်ချချင်တယ်။''

''အင်းပါ..လွန်းစိတ်ချပါ ကိုယ် သေချာဂရုစိုက်ပေးပါ့မယ် boss ကို။''

''ဒါဆို လွန်းပြန်တော့မယ်..လွန်းထွက်လာတာ ဘယ်သူမှမသိဘူး တော်ကြာစိတ်ပူနေကြလိမ့်မယ်။''

''ကောင်းပြီ လွန်း..ကိုယ်လိုက်မပို့တော့ဘူးနော်။''

''ဟုတ်ကဲ့..လွန်းပြန်ပြီနော် Byebye..''

''ဂရုစိုက်နော်.. လွန်း။''

ဆိုင်ထဲမှ ကားပါကင်ဆီ သုတလှမ်းကြည့်တော့ လွန်းရဲ့ကားလေးကိုမြင်တော့မှ..
အပြေးထွက်လာခဲ့ပြီး..''ကိုကိုရာ ဘယ်တွေမပြောမဆိုနဲ့ထွက်သွားရတာလဲ။
ညီ့မှာ စိတ်ပူလိုက်ရတာ မာမီကိုတောင်ကိုကိုပျောက်သွားလို့ဆိုပြီး ဖုန်းဆက်အသိပေးထါးရသေး။''

''ညီရာ..ကိုကိုက ကိုပိုင်မှူးဆီ ခဏသွားရုံပါ
မာမီတော့ စိတ်ပူနေတော့မယ် ညီရာ..ကဲ
ကိုကို ဗိုက်ဆာလှပြီ ညီဘာဝယ်ကျွေးမလဲ။''

''ကိုကိုရာ..ညီရင်တုန်နေတာမပျောက်သေးဘူး..ကိုကိုစားချင်ရင် ညီမှာပေးမယ် ဘာစားမလဲ..ပြော။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now