ep(40)💔

2.8K 137 4
                                    

ဒေါ်မဟေသီစိုး..ဆိုသည်မှာက စစ်မဟာရဲ့အဖေ ဦးအောင်ထွန်းရဲ့ နောက်မယားပါ။
သူမက ဦးအောင်ထွန်းထက် အသက်ငယ်ပါတယ်..သူမအသက်က စစ်မဟာနဲ့ရွယ်တူလောက်ပါပဲ။

အတွင်းရေးမှူး လုပ်နေရာမှ ဉီးအောင်ထွန်းကို အပီအပြင်ခြံပြီးယူလိုက်တဲ့မိန်းမလည်မ..
သူမက ခုလက်ရှိမှာ စံအိမ်ကြီးထဲ စီမံအုပ်ချုပ်နေပြန်တယ်လေ..စစ်မဟာရဲ့အဖေ ကျန်းမာရေးမကောင်းတာ အတော်ကြာပြီ..ဒါကလည်းသူမရဲ့လက်ချက်ပါ။

ရောဂါရအောင် သောက်ဆေးတချို့ကိုပြောင်းလဲတိုက်နေတဲ့အတွက် ဉီးအောင်ထွန်းတစ်ယောက် အရင်ကထက်ကျန်းမာရေးအခြေအနေဆိုးလာတော့တယ်။

စစ်မဟာကို သူမဘက်က စိတ်ဝင်တစားရှိခဲ့တယ်..သူမရဲ့အလှအပတွေနဲ့ မြှူဆွယ်ပြီး ကြိုးစားခဲ့ပေမဲ့ စစ်မဟာက သူမကို
နည်းနည်းလေးမှကြည့်မရ အမြင်မကြည်။

လွန်းတို့ကားအက်ဆီးဒင့်ဖြစ်အောင် သူမဘက်ကစေခိုင်းခဲ့ခြင်းပါ။
လွန်းခေတ်နဲ့ လက်ထပ်ခဲ့တဲ့နောက်ပိုင်း
စစ်မဟာအပေါ် သူမဘက်က အဆုံးရှုံးမခံလိုသည့်စိတ်နဲ့ လွန်းရဲ့မိဘလုပ်ငန်းတွေကို
နောက်ကွယ်က အကျင့်ယုတ်ခဲ့တာလည်းပါပါတယ်။
အခုတော့ သူမရဲ့လုပ်ရပ်က အနည်းငယ်
ပဲရှိသေးတယ်။

မင်းမဟာ စံအိမ်ကြီးထဲ
စစ်မဟာမပြန်တာ ကြာခဲ့ပြီလေ...
သူ့ရဲ့မိခင်ဆုံးပြီးကတည်းက ဆိုပါတော့
ဒါကြောင့် သီးသန့်အိမ်မှာပဲ သူနေဖြစ်တာကြာပြီ။

မနေ့က အလုပ်ကအပြန် သူ့ဆီ ဝင်လာတဲ့ဖုန်းကြောင့် စစ်မဟာသိခဲ့ရတာက သူ့ရဲ့အဖေ အသည်းအသန်ဖြစ်တယ်ဆိုတဲ့သတင်းပါ..
အိမ်တော်ထိန်း ဉီးလေး ညိုမောင်က သူ့ကိုအကြောင်းကြားအသိပေးခဲ့ခြင်းပါ။

မိဘဆိုတော့လည်း နာမကျန်းဖြစ်တဲ့အချိန်မှာ သူဘေးနားရှိသင့်တယ်မဟုတ်လား။
ဒါကြောင့် သူအခုအိမ်ပြန်လာတာနဲ့..
''ကလေးရေ..ကလေး..''

လွန်းကို မတွေ့တာနဲ့အော်ခေါ်နေပြန်တဲ့
စစ်မဟာ..
''ဗျာ..ကိုကို''ဆိုပြီး မီးဖိုခန်းထဲကထွက်လာပုံက ရယ်ချင်စရာဖြစ်နေပြန်တယ်။

မျက်ရည်စက်လက်နဲ့ တရှုတ်ရှုတ်ဖြစ်နေတဲ့နှာခေါင်းနဲ့အတူ..ပါးလေးများရဲတွတ်နေပြန်တယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now