ep(46)💔

3.5K 128 9
                                    

တဖြည်းဖြည်းဗိုက်လေးက စူလာပေမဲ့..
လွန်းကတော့ ပေါ့ပေါ့ပါးပါးလေးပဲ..
ဗိုက်ကြီးနဲ့ဆိုတာတောင် သူ့ကိုယ်သူမေ့နေပုံ..

ကြီးမေက အနားမှာရှိလို့သာပေါ့..မဟုတ်ရင် လွန်းကိုသူ စိတ်ချနိုင်မှာမဟုတ်ပါ။

ပိုင်းမှူးကအခု နိုင်ငံခြားခဏရောက်နေတာ..တပတ်တိတိ ပင်ရှိပြီ။
အကြောင်းကတော့ အလုပ်ကိစ္စပဲပေါ့။

ဒါပေမဲ့ တရက်မှမပျက်ကွက်ပဲ video call
ပြောဖြစ်တယ်.. လွန်းနဲ့လေ..

ကိုကိုဗိုက်လေးက မျက်နှာပြည့်ပြည့်လေးနဲ့ နုဖက်နေတာပဲ။သနပ်ခါးကလည်းကြိုက်ပါ့ လိမ်းထားလိုက်တာ ကျောက်ပျင်ပေါ်ချော်လဲထားသလားမေးရမလိုပဲ။

ခုဆိုရင် အင်ကျီဖားဖားကြီးတောင်ဝတ်လို့...ဗိုက်လေးကလုံးတုံတုံလေးနဲ့ပါ။
အိမ်ထဲနေတဲ့အတွက် အဝတ်ကို အဆင်ပြေတဲ့အဝတ်သာ ဝတ်ထားတဲ့လွန်းကချစ်စရာတမျိုးလေးကောင်းနေပြန်တယ်။

''ကိုပိုင်..ပြန်မလာသေးဘူးလား..
လွန်းနေမကောင်းဘူးနော်။''(နှုတ်ခမ်းကြီးထော်ပြီးမေးနေခြင်းပါ)
'အူယားလိုက်တာကွာ..'

''ဟော်ဗျာ.. ကိုယ့်ရဲ့မိန်းမက ဘာတွေများနေမကောင်းဖြစ်ပါလိမ့်။''

''မသိဘူးကွာ..မသိဘူး..မနက်ဖြန်ပြန်လာခဲ့
ဒါပဲ..''
''ဒီမှာ မွေးခါနီးလူကို ပြစ်ထားပြီး ဟိုမှာအသစ်ရှာနေတာလား။အချိုးတွေပြင်ထားရင်ကောင်းမယ်နော် ဟွင်းဟွင်း..''

'မဟုတ်ရပါဘူးဗျာ.. Ok.
မနက်ဖြန် ကိုယ်ပြန်လာခဲ့မယ်။''

''ပြီးရော..ကိုပိုင်ပြန်မလာရင် လွန်းအိမ်ကနေထွက်သွားမယ်မှတ်။''

''ဟော်ဗျာ..မလုပ်လိုက်ပါနဲ့ဗျာ ကျွန်တော်မျိုးကြီး အလုပ်ပြီးတာနဲ့မှီရာ flight နဲ့ပြန်လာခဲ့မယ်။ဘယ်မှတော့ ထွက်မသွားပါနဲ့ မိန်းမရာ..''

'ဟီးဟီး.. ချစ်ရင်အလိုလိုက် ဒါပဲ။
ပိစိလေးအတွက် တခုခုဝယ်လာခဲ့ပေး
လူကြီးတွက်မဟုတ်ဘူးနော်...''

''ကောင်းပါပြီဗျာ...
ကိုယ်ပြန်လာရင် နှစ်ယောက်စလုံးအတွက်ဝယ်ခဲ့ပေးမယ် ကျေနပ်တော့နော်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now