ep(3)💔

8.5K 359 2
                                    

ရုံးခန်းထဲ ပွစိပွစိနဲ့ စစ်မဟာကျန်ရစ်ခဲ့လေတယ် မျက်လုံးမှိတ်​ပြပြီး လျှာထုတ်ပြောင်သွားတဲ့ လွန်းကြောင့် သူ့စိတ်တွေဂနာမငြိမ်ဖြစ်ခဲ့ရပေါ့။
'ဒီကောင်လေးက ငါ့ကိုမခန့်တာ ဒါသက်သက်ရန်ထောင်သွားတာပဲ မင်းနဲ့ငါ
တကွေ့မဟုတ် တကွေ့တော့ဆုံဦးမှာပါကွာ အဲ့ဒီတော့မှ ငါ့အကြောင်းသိစေရမယ်
ခုတော့ နေနှင်အုံးပေါ့လေ။'
ဖိုင်တွဲတွေ စစ်ပြီးရုံရှိသေး hanphone မြည်သံကြောင့် စစ်မဟာ phone ကိုင်လိုက်တော့တယ်။

တဖက်မှ.."hello..ko လား...
သက်ပါ..ဒီည ကားပြိုင်ပွဲရှိတယ် koမလာတော့ဘူးလားပြိုင်ပွဲကို။"

"အာ..ဟုတ်လား..သက် ko အလုပ်တွေရှုတ်နေပေမဲ့ ဒီညတော့ သက်နဲ့တွေ့ချင်တာကြောင့် မဖြစ်မနေ လာခဲ့မယ်လေ ပြီးရင်
တဝကြီးချစ်ပစ်အုံးမှာ။"

"သွား..လူဆိုး..
နားရှက်စရာတွေ သိပ်ပြောတာပဲ ဟွန့်။"

"သက်စောင့်နေပါ့မယ် koသာ လာဖြစ်အောင်လာခဲ့နော်။"

"ကောင်းပါပြီဗျာ..goodbye သက်
ချစ်တယ်နော်..မွ"

"အင်...သက်လည်းချစ်တယ် ko.."

"See you tonight..baby.."

လွန်း..အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်မှာ
ကားတွေကပိတ်..ဗိုက်ကလည်း ဆာလာတာကြောင့် နီးစပ်ရာ စားသောက်ဆိုင်ထဲဝင်ပြီး ဝါးတီးဆွဲတော့တယ်။

သူမနက်ကတည်းက ဘာမှမစားထားတာကြောင့် ဆာလောင်လှပြီလေ ကော်ဖီခါးခါးလေး တခွက်နဲ့ ကိတ်လေးစားရင်း ဖုန်းထုတ်ပြီး internet သုံးနေလိုက်သေးတာ။

ကလေးတစ်ယောက်လို အပြုံးများနဲ့ ဟာသတွေကြည့်ပြီးရယ်နေတဲ့ လွန်းကို
တဖက်ဝိုင်းကနေ ကြည့်နေတဲ့သူ တစ်ယောက်ရှိတယ်။

သူကတော့ ပိုင်မှူးဆက် မြန်မာနိုင်ငံက ကုမဏ္ဏီတော်တော်များများမှာ စတော့ရှယ်ယာဝင် သူဌေးတစ်ယောက်။
လက်ညှိုးထိုးမလွဲတဲ့ ချမ်းသာမှုတွေပိုင်ဆိုင်သူလည်းဖြစ်တယ်။

အသက်ကြီးကြီး လို့မထင်လိုက်နဲ့နော် လူလတ်ပိုင်းအရွယ် စမတ်ကျကျနဲ့ပျိုတိုင်းကြိုက်နှင်းဆီခိုင်ကြီးတစ်ယောက်ပါ။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now