ep(27)💔🔞

8.1K 169 7
                                    

စစ်မဟာ..သုတအကြောင်းကို သူရဲ့ဟိုလူနှစ်ယောက်ကို ဆက်သွယ်ပြီး စုံစမ်းခိုင်းထားတယ်လေရဲ့။
'ကလေးရဲ့ ညီငယ်က အရင်က ဘယ်သူနဲ့ပက်သက်ခဲ့ပြီး ဘယ်သူနဲ့အတူရှိခဲ့ပါလိမ့်။
ရုတ်တရက်ကြီး ဆေးရုံးကြီးထဲကလူတစ်ယောက်ပျောက်ရအောင် လွယ်ကူမနေဘူးလေ..တခုခုတော့ ပက်သက်နေမှာပဲ။'

''ဦးငယ်..ကလေးလဲ သတိရနေပြီဆိုတော့ ဆေးရုံကဆင်းချင်ပြီ..အိမ်မှာပဲ ကလေးရဲ့ကျန်းမာရေးကို ဆက်ကုမယ် ရလား။''

'မှတ်ဉာဏ်တချို့ကို ထိခိုက်သွားတဲ့အတွက် ကလေးခုချိန်မှာ အရမ်းအားငယ်နေမှာ ကိုယ်သိတယ် ကလေး။ဒါကြောင့်
ဆေးရုံမှာ ကိုယ်မထားချင်တာ။'

''ကလေး..ကိုယ်တို့အိမ်ပြန်ကြမယ်နော်..
ကလေးအဆင်ပြေရဲ့လား..ကိုယ်တောင်းပန်ပါတယ် ကလေးကို ခုလိုကာကွယ်မပေးနိုင်ခဲ့လို့။'

သတိမေ့နေတဲ့ လဝက်နီးပါးဟာ စစ်မဟာအတွက် လွန်းကိုဆုံးရှုံးမှာကြောက်မိခဲ့တဲ့နေ့စွဲတွေပဲ။

''အိမ်ပြန်ချင်တယ်.. ဒီမှာမနေချင်ဘူး..
ကျွန်တော်က နာမည်ဘယ်လိုခေါ်လဲ..ခင်ဗျားကရော ဘယ်သူလဲ ကျွန်တော်နဲ့ကဘယ်လိုပက်သက်တာလဲ။''

''ကလေး..ကလေးရဲ့နာမည်က လွန်းခေတ်လို့ခေါ်တယ်..ကိုယ့်နာမည်က စစ်မဟာ.
ကလေးနဲ့ကိုယ်နဲ့က လက်ထပ်ထားကြတာလေ။''

''ကလေးအိမ်ပြန်ချင်တယ်ဆိုရင် ကိုယ်ခေါ်သွားပါ့မယ်..ဟုတ်ပြီလား..''

ပြန်ပြုံးပြရှာတဲ့ လွန်း..
စစ်မဟာအဖို့..လွန်းရဲ့အပြုံးတွေက ရခဲလှတယ်လေ..ဒါကြောင့် လောဘကြီးစွာနဲ့ပဲပြောရမယ်ဆိုရင် ကလေးတသက်လုံးအတိတ်မေ့နေပါစေလို့ ဆုတောင်းမိတာအမှန်ပဲ။

ဆေးရုံကနေအိမ်ကိုပြန်ရောက်တော့..
ကားပေါ်မှာ အိပ်ပျော်နေပြန်တဲ့ ကျွန်တော့်ရဲ့ကလေးငယ်ကို..အသာအယာ ပွေ့ချီပြီး အိပ်ခန်းထဲသာ ခေါ်သွားမိတော့တယ်။

အခန်းထဲက ကုတင်ပေါ် တင်ပေးလိုက်တော့မှ ဖက်လုံးအထင်နဲ့ ကျွန်တော်ကို ဖက်ပြီးခွလိုက်တဲ့အတွက်.. ''ဟာ ကလေးရာ ကိုယ့်စိတ်တွေ ကိုယ်မနိုင်ရတဲ့ကြား
အဲ့လိုကြီးမလုပ်စမ်းနဲ့။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now