ep(47)💔

3.9K 118 3
                                    

ရာသီဥတုက သာယာနေသလောက်..
လွန်းအတွက်က မသာယာနိုင်ပါဘူး..
''အာ့..နာတယ် ကြီးမေ..''

အိပ်ယာထဲ ဗိုက်နာနေလို့ အော်ဟစ်နေတဲ့ လွန်းကြောင့်
​ ကြီးမေလည်း အိမ်ထဲက ရှိသမျှလူတွေအော်ခေါ်ပြီး လွန်းကိုဆေးရုံတင်ရပြန်ပြီလေ။

ပိုင်မှူးက ဒီနေ့မနက် flight နဲ့ ခုမှ အမိနိုင်ငံကိုပြန်လာတဲ့ခရီးစဥ်မှာပါ...

ဆေးရုံရဲ့ခွဲစိတ်ခန်းထဲမှာတော့ လွန်းကိုမေ့ဆေးပေးပြီး ကလေးခွဲမွေးပေးခဲ့ရတဲ့
ဆရာဝန်များ။

.
.
.
.
ဆေးရုံမှာ အလုပ်ရှုတ်နေရတဲ့ နှိုင်းမခမှာတော့ တကယ့်ဗျာများခြင်းများနဲ့ပါ။

ပိုင်မှူးဆီဖုန်းက ဆက်လို့မရပါဘူး..
လေယာဉ်ပေါ်မှာမို့...
နှိုင်းမခကပဲ အစစအရာရာ စီမံပေးရပြန်တယ်။
သူ့ရဲ့အမေဖြစ်သူက အသက်ကြီးပြီလေ
ဒီတော့ လူငယ်တွေလို့သွက်လက်မှုတွေမရှိနိုင်တော့ဘူး။

ခဏအကြာမှာတော့ ခွဲစိတ်ခန်းထဲကထွက်လာကြတဲ့ ဆရာဝန်များ..

''ဆရာ..ကလေးက အဆင်ပြေရဲ့လား
လူကြီးကရော ကျန်းမာရဲ့လား။''

''အားလုံးအဆင်ပြေပါတယ်..ကိုနှိုင်းမခ။
ကလေးက သားယောကျာ်းလေးမွေးပါတယ်။ဂုဏ်ယူပါတယ် ဗျာ...''

နှိုင်းမခကတော့ ဝမ်းသာသွားပါတယ်
သူ့ဆရာအတွက်..

ခုချိန် လွန်းကတော့ မေ့ဆေးအရှိန်နဲ့အိပ်ပျော်နေဆဲပါ။
ဖြူဖြူဖွေးဖွေးနဲ့ ဝကစ်ကစ်ကလေးလေးက
တော့ ကလေးအိပ်တဲ့ပုခက်ထဲ အိပ်ပျော်လျှက်ရှိပြန်တယ်။

ကြီးမေ ကတော့ လွန်းရဲ့အနား အနီးကပ်ရှိနေရှာတယ်..
လွန်းအိပ်ပျော်နေပေမဲ့ အိမ်မက်ထဲမှာတော့ စစ်မဟာနဲ့တွေ့ဆုံနေခဲ့တယ်။

အဖြူရောင်အင်ကျီလေးနဲ့ လွန်းရှိရာရှောက်လှမ်းလာတဲ့ စစ်မဟာ..

''ကိုကို..ကလေးဆီပြန်လာတာလားဟင်..''

လွန်းကိုပြုံးပြရင်း..''ကလေးလေး ကိုကို ကလေးတို့နဲ့ခွဲသွားရတော့မယ်။
ကိုကို သွားရတော့မယ် လွန်း...
ကလေးကို လာနှုတ်ဆက်တာ...
ကလေးလိမ်လိမ်မာမာနေခဲ့နော်..''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now