ep(5)💔

6.1K 263 1
                                    

    ''ကိုကိုလွန်း...အိမ်ထဲကိုညီ မလိုက်ရဲဘူး။''

''လာပါညီရာ..ဒယ်ဒီနဲ့မာမီက ညီ့ကိုအပြစ်မတင်စေရဘူး ကိုကိုရှိတယ်မကြောက်နဲ့။''

အိမ်ထဲမဝံ့မရဲနဲ့လိုက်ဝင်ခဲ့တဲ့ သုတ..
လွန်းကတော့..အိမ်ထဲရောက်တာနဲ့ ''ဒယ်ဒီ
ညီပြန်လာပြီ။''

''ဟေ..ဘယ်မှာလဲ အဲ့ခလေး အိမ်ပြန်လာဖို့သိသေးတယ်ပေါ့။ သုတ သုတ လာစမ်းခုချက်ချင်း''..
ဦးကျော်နိုင်ရဲ့ ခေါ်သံကြောင့် သုတအမြန်

''ဒယ်ဒီ.. သား..သား.တောင်းပန်ပါတယ်''

''သားရယ်..ဘယ်တွေရှောက်သွားနေတာလဲ
သားငယ်လေးပိန်သွားလိုက်တာ..''

''မာမီ..သားပြန်လာပြီပဲ မငိုနဲ့တော့နော်..
မာ့မီကိုလည်း သားတောင်းပန်ပါတယ်
သားမိုက်ခဲ့မိလို့ ဒယ်ဒီနဲ့မာမီ စိတ်ဆင်းရဲခဲ့ရတာ။''

''ကဲ..မငိုကြနဲ့တော့ ဒယ်ဒီနဲ့မာမီ သားကိုရော မေ့ထားကြတာလား သားဗိုက်ဆာလှပြီ မိသားစု ထမင်းဝိုင်းလေး လုပ်လိုက်ရင်မကောင်းဘူးလား..ဟဲဟဲ.''

''သားလွန်းရယ် မာမီက သားတို့နှစ်ယောက်လုံးကြိုက်တဲ့ ငါးသလောက်ပေါင်းပေးထါးတယ်..ကဲလာကြ သားတို့နဲ့အတူ
ထမင်းလက်စုံမစားရတာကြာလှပြီ..''

''ကိုကျော်နိုင်..ရှင်ကဧည့်ခန်းထဲ ဘာထိုင်လုပ်နေတာလဲ။''

တဖက်လှည့်ကာ မျက်ရည်တွေသုတ်နေရှာတဲ့ ယောကျာ်းလုပ်သူကို ထမင်းစားဖို့ခေါ်နေပြန်တဲ့ ဒေါ်မေထား။

''လာပါပြီ ထားရယ် ကိုဝမ်းသာလို့ပါကွာ..''

အဲ့ဒီနေ့မှာတော့ လွန်းတို့အိမ်လေး ရယ်သံတွေနဲ့ပြည့်နှက်နေခဲ့တယ်။

တွဲဖက်ရုံးက ဖုန်းဆက်ထားတာ ဦးကျော်နိုင်သိပြီး သား..''လွန်းခေတ်..သားဖိုင်တွဲတွေသွားပို့တုန်းက stick ပါမသွားဘူးလား။''

''သားမမြင်မိဘူး..ဒယ်ဒီ..
စားပွဲပေါ်က ဖိုင်တွဲတွေပဲ ယူသွားခဲ့တာ
သေချာတယ် မပါတာတော့။''

''မနေ့က တွဲဖက်ကုမဏ္ဏီက CEOကိုယ်တိုင်
ဖုန်းဆက်မေးခဲ့တယ် သား။
Program ပိုင်းမပါဘူးလားတဲ့..ဒယ်ဒီအဲ့ဖိုင်တွေနဲ့ပဲ stickကို ထားထားတာ။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now