ep(35)💔

2.5K 115 0
                                    

ဘဝမှာအချစ်ဆိုတဲ့ချည်နှောင်ခြင်းကြိုးလေးကတော့ သံယောဇဥ်ဖြစ်ရခြင်းပဲ။တစ်ဦးနဲ့တစ်ဦး အနေနီးသဖြင့်ဆိုပါတော့..

အဲ့ဒီအနေနီးခြင်းကနေစတင်ပြီး နောက်ဆုံး ချည်နှောင်မိသွားတာပဲ။

ဆိုတော့ကာ ဘဝအတွက် တစ်ဦးနဲ့တစ်ဦး
လိုအပ်ချက်တွေရှိနေရင်တောင် ပြုပြင်ပေးပြီး အနားမှာနေခွင့်လေးပဲရချင်ကြတာပေါ့။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဆုတောင်းခြင်း ဆုပန်ခြင်းတို့ရှိလာမှာမဟုတ်ဘူးလေ..မကြာခင် ပြင်းထန်တဲ့လေပြင်းတွေတိုက်ခတ်တော့မှာကို ဘယ်သူကသိမှာလဲ..' ကျွန်တော့်ရဲ့ ဆုတောင်းခြင်းတွေမပြည့်ဝခဲ့ဘူးပေါ့..ဒီလိုဆိုရင်လေ...'

ကလေးနဲ့ ကုမ္ပဏီကအိမ်ကိုအပြန်လမ်းမှာပဲ
ကားဘီးပေါက်ပြီး လမ်းဘေးမှာပဲ ကားရပ်လိုက်ရတယ်။နောက် စက်ပြင်ဆရာခေါ်ပြီး
ကားဘီးလဲခိုင်းရတော့မယ် ကားဘီးအပိုကဆောင်မထားတဲ့အတွက် တခါတလေလည်းနမော်နမဲ့လေးတော့နိုင်တယ်လို့ ကိုယ့်ကိုကို အပြစ်တင်မိသား။ခေါ်ထားတဲ့လူကရောက်မလာသေး..ဒါကြောင့်စောင့်ရပြန်သည်။

''ကိုကို..ခလေးခေါင်းတွေအရမ်းမူးတယ် ကလေးနေရခက်တယ်..ခေါင်းကြီးပေါက်ထွက်မတက်ပဲ လုပ်ပါအုံး..အာ့...''

''ကလေးဘာဖြစ်လို့လည်းဟင်..ဟာ ဒုက္ခပဲ
ကားပြင်ဆရာကလည်း နောက်ကျနေတယ်..ကားလမ်းတွေကပိတ်လို့တဲ့..''

''အင်းပါ..ကလေးခေါင်းအရမ်းမူးနေရင် ကိုကိုကုန်းပိုးခေါ်သွားမယ်နော်..ဟိုရှေ့နားလေးကနေ ကားငှားပြီးအိမ်ပြန်ကြတာပေါ့။''

''အင်းပါကိုကို...အဆင်ပြေသလိုလုပ်ပါ..''

စစ်မဟာစိုးရိမ်သည်ထက်ပိုခဲ့ပါတယ်..ဒီကလေးခုတလောခေါင်းတွေအရမ်းမူးတယ်ချည်းပဲ တဖွဖွပြောနေတဲ့အတွက် ရတတ်မအေးရှာ။
ကလေးက ဘယ်မှတော့ မသွားတတ်ပါဘူး
အိမ်နဲ့ကျွန်တော်ရဲ့အလုပ် ဒီလောက်ပဲ အသွားအလာလုပ်တတ်ခြင်းပါ။
'ကိုကိုရင်တွေပူတယ် ခလေးရာ..
ကိုကိုထင်သလို ဖြစ်မလာရင် ရပါပြီ..'

လမ်းအချိုးလေးနား ကားစောင့်နေတဲ့ စစ်မဟာ သူ့ကလေးကို ကျေားပိုးထားရသေးတယ်...
''ကိုကို..ခလေးအရမ်းအိပ်ချင်တာပဲ..ခလေးခဏလောက်အိပ်မယ်နော်..''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now