ep(22)💔

3.2K 150 0
                                    

အိမ်ပြန်ရောက်တာနဲ့...အခန်းရှိရာဆီဝင်သွားတဲ့လွန်း...

နောက်ကအမေဖြစ်သူရဲ့ခေါ်သံတောင်သူမကြား..

''သားလွန်းရေ..အမေပြောစရာရှိလို့ သားရယ်..ခဏလောက်စကားပြောရအောင်နော်။''

အခန်းထဲကြိတ်ငိုနေတဲ့လွန်း..သူဟန်ဆောင်ထားခဲ့တာ ခုမှမျက်ရည်တွေကို
စီးခွင့်ပြုခဲ့ရှာသည်။

'ဒီငိုသံတွေ မာမီကိုမသိစေချင်မမြင်စေချင်တာမို့..အမြန် ရေချိုးခန်းထဲ ဝင်ကာ..'

''မာမီ..သားရေချိုးပြီးရင် လာခဲ့မယ်နော်
ခုတော့သားရေချိုးနေရင်းမို့ပါ။''

အခန်းပြင်မှ ဒေါ်မေထား..သားဖြစ်သူရဲ့စကားကြောင့်..''ကောင်းပြီသား.မာမီအပြင်ကပဲစောင့်နေမယ် မြန်မြန်ချိုးအုံးနော် သား။''

''ဟုတ်..မာမီ..''

ရေပန်းကကျလာတဲ့ ရေပေါက်တွေနဲ့အတူ
လွန်းရဲ့မျက်ရည်တွေကို ရောပစ်လိုက်ပြီး
အဝပေါက်ကွဲပစ်ခဲ့တယ်။

''ဦးစစ်မဟာ...ခင်ဗျားကြီး နောင်တတွေ ရမဲ့အချိန်ထိ ကျွန်တော်လုပ်ပြမယ်။
ခင်ဗျားကြီးကို မုန်းတယ် အရမ်းပဲ..ခင်ဗျားရဲ့မာနတရားတွေ အတ္တတွေကို
ကျွန်တော်ဘယ်လို ခွာချပြမလဲဆိုတာ စောင့်ကြည့်နေလိုက်..''

''မသွားပါနဲ့..ပြန်လာခဲ့ပါ..အရှေ့မှာ..အန္တာရယ်အရမ်းများလို့ပါ...အားးးး...''

အိပ်ယာထက်က အော်လိုက်တဲ့အသံကြောင့် နှိုင်းမခ ပိုင်မှူးရဲ့ အိပ်ခန်းထဲဝင်လာရင်း
''ဘာဖြစ်လို့လဲ boss..''

''ဟို..ကောင်လေး ချောက်နက်ထဲ ခုန်ချသွားလို့....အားးးး..ငါ့ခေါင်းတွေ အရမ်းပဲကိုက်လာပြန်ပြီ..အား...အား..''
လက်နှစ်ဖက်နဲ့ ခေါင်းကို ဖိကိုင်ရင်း..''ဆေး
ငါ့ကိုဆေးပေး..အားး..ငါမခံစားနိုင်ဘူး..''

''ခဏလောက်စိတ်ကို ငြိမ်အောင်ထားလိုက်ပါ..boss..
ကျွန်တော်ဆေးယူပေးမယ်..ခဏပဲနော်..
စိတ်ကိုလျှော့ထား..''

နှိုင်းမခ ဆေးဗူးထဲက ဆေးတစ်လုံးထုတ်ပြီး ပိုင်မှူးရဲ့လက်ထဲထည့်ပေးကါ ရေဖန်ခွက်ပါပေးရင်း ''သောက်လိုက်ပါ boss
ပြီးရင် ပြန်ပြီးအိပ်လိုက်နော်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now