extra 😁

5.2K 161 51
                                    

ဆယ့်ငါးနှစ်ကြာပြီးနောက်.....

''အာ့ ကိုပိုင် မြန်မြန်မောင်းစမ်းပါ လွန်းမွေးချင်နေပြီ...လွန်းရဲ့ဗိုက်ထဲအတော့်ကိုနာလွန်းတယ်....အဟင့်...အမေ့...
အာ့လားလား....''
ပိုင်မှူးရဲ့လက်မောင်းကိုကိုက်ရင်း အော်နေခဲ့သည့်လွန်းရယ်ပါ။
ဒီလိုနဲ့ဆေးရုံရောက်ပြီးနောက်ပိုင်း....ခွဲစိတ်ခန်းထဲ လွန်းကိုအရေးပေါ်သွင်းလိုက်ရတော့သည်။

သုံးပတ်ခန့်ကြာသော်.....

ဒီနေ့လွန်းတစ်ယောက် သားငယ်ဖြစ်သူနဲ့ ဆေးရုံကဆင်းလာတဲ့နေ့ပေ....
အကြီးဆုံးသားအသက်ဆယ့်ငါးနှစ်ပြည့်တဲ့နေ့မှာပဲ နောက်ထပ်ကလေးတစ်ယောက်ကိုယူခဲ့တော့တယ်။
ခုဆိုရင်.... နှိုင်းမခနဲ့ ကြီးမေတို့က
အိမ်အဝင်မှာ အကြိုထောက်နေလေရဲ့...
ကားပေါ်ကဆင်းဆင်းခြင်းပဲ....

''Happybirthday ပါလွန်းရေ....''

မွေးနေ့ကိတ်ကြီးကိုင်ပြီးသူ့အနားနားရောက်လာတဲ့ ကြီးမေမှာတော့ အပြုံးတွေဝေဆာနေခဲ့သည်။

''ဝမ်းသာလိုက်တာ.... လွန်းက မေ့နေတာ
ကြည့်စမ်း ကိုနှိုင်းနဲ့ကြီးမေကတောင်
လွန်းရဲ့မွေးနေ့ကို အမှတ်ရသေး...
ကိုပိုင်ကတော့မပြောချင်ဘူး....''

''လွန်း....ကိုယ့်ဘက်ကမွေးနေ့လက်ဆောင်ပေးပြီးပြီလေကွာ...ဘာလိုလောဘကြီးနေပါလိမ့်....''

''ဘယ်မှာလဲ အဲ့မွေးနေ့လက်ဆောင်က...''

''ဟော်ဗျာ....လွန်းရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေတယ်လေ....အဲ့ဒါ ကိုယ့်ရဲ့လက်ဆောင်ပဲ။''

''ဒယ်ဒီ...ဖေဖေလွန်းက ညီလေးကို သားဆီမပေးဘူး။
သားလည်းချီကြည့်ချင်တာပေါ့...
ခစ်ခစ်ခစ်... ညီလေးကချစ်စရာလေး...
ဖေဖေလွန်းသားကိုညီလေးပေးချီ....''

လွန်းလည်း သူ့ဘေးကသားတော်မောင်ကိုမနိုင်တာနဲ့ ရင်ခွင်ထဲကအနှီးထုပ်လေးနဲ့သားငယ်ကို လက်လွှဲလိုက်ရသည်။
''ကိုပိုင်....လွန်းနားချင်ပြီ ဒီနေ့ခေါင်းနည်းနည်းကိုက်လာလို့....''

''အင်းပါ...ကိုယ်အခန်းကိုပြင်ထားပြီးပြီ။''

မွေးနေ့ပွဲလုပ်ပြီးတာနဲ့ လွန်းတစ်ယောက်အိပ်ခန်းထဲဝင်၍အနားယူအိပ်စက်ခဲ့သည်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now