ep(18)💔

3.9K 159 0
                                    

အိမ်မက်လိုလို..လက်တွေ့လိုလို သူနဲ့အတူရှိခဲ့သလို အဲ့ဒီလိုခံစားမှုနဲ့ ပိုင်မှူးတစ်ယောက် သူ့ဖုန်းလေးထဲက ကောင်လေးကိုငေး
ကြည့်နေခဲ့တယ်။

ကုတင်ပေါ် ခြေကားယား လက်ကားယားနဲ့ အိပ်စက်နေတဲ့ကောင်လေး ပြီးတော့ သူကအရှေ့မှပြုံးဖီးဖီးကြီးနဲ့ပါ။
ဒီပုံလေးကိုကြည့်မိတိုင်း ရင်ထဲရော ဦးခေါင်းကပါ တဆစ်ဆစ်နဲ့ကိုက်လှတာ။

''အားးးး..ဘာတွေလည်း..အားးးးငါဘာဖြစ်လို့ တစ်ခုမှ မမှတ်မိရတာလဲ။''

သူ့ကိုယ်သူ ဒေါသတွေနဲ့ပိုင်မှူးအော်ဟစ်ပစ်ခဲသေး..''ငါကရော ငါကရောဘယ်သူလဲ''

အရူးတစ်ယောက်ပမာ စိတ်ဝေဒနာသယ်လို သူ့ဘဝကို သူမုန်းမိတာတော့အမှန်ပဲ။
'ငါရှာဖွေရမယ် ဘယ်ဟာအမှန် ဘယ်ဟာအမှားဆိုတာကို။'

ကုမဏ္ဏီလည်း မသွားတာကြာပြီဖြစ်တဲ့ စစ်မဟာ ဒီနေ့တော့ သူကလေးကိုဝင်ကြည့်ပြီးတာနဲ့ အလုပ်သွားမယ်ဆုံးဖြတ်ထားသေး။

ဒေါ်မေထားနဲ့ သုတကတော့ လွန်းသတိရနေပြီဆိုတာသိလို့ ဝမ်းသာနေကြတယ်။
''သား လွန်းရယ် မာမီစိတ်ပူလိုက်ရတာ သားဘယ်တွေရှောက်သွားနေတာလဲဆိုပြီး
ရှာလိုက်ရတာ အမောပဲကွယ်။''

''သားတောင်းပန်ပါတယ် မာမီ..
စိတ်ပူအောင်လုပ်မိလို့။''

''သားဘယ်လိုနေသေးလဲဟင် သက်သာရဲ့လား။''

''သားနေကောင်းပါပြီ မာမီ အိမ်ပြန်ချင်တယ်... အိမ်ပဲပြန်ချင်တယ် မာမီ။''

''ကောင်းပြီ မာမီလည်းသားကို ဒီမှာမနေစေချင်ပါဘူး..မာမီတို့အိမ်ပြန်ကြတာပေါ့။''

''ဟုတ်..မာမီ..''

''မာမီဖုန်းခဏပြောလိုက်အုံးမယ်သား..ခဏစောင့်နော်။''

ဒေါ်မေထား.. ယောကျာ်းဖြစ်သူကို သားကိုအိမ်ပြန်ခေါ်လာမဲ့အကြောင်း ဖုန်းဆက်နေတာကြောင့် လွန်းရဲ့မလှမ်းမကမ်းမှာ ဖုန်းပြောနေခဲ့မိတယ်..ကြည့်ရင် လှမ်းမြင်နေရတဲ့နေရာမှာပေါ့။

သုတကတော့ ဆေးရုံးဆင်းလက်မှတ်သွားယူနေခြင်းပါ။ဒါကြောင့် လွန်းရဲ့ဘေးမှာ
ဘယ်သူမှမရှိ..ဒီအချိန် လွန်းရဲ့အခန်းလေးထဲ ဝင်လာခဲ့တဲ့သူကြောင့်..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now