ep(24)💔

3K 149 0
                                    

  ဧည့်သည်ရှိလို့သာ ပိုပိုကာလျှံ စကားမများချင်တာကြောင့် ဒေါသတို့ကိုမြိုသိပ်ကာ လွန်း သူ့အိပ်ခန်းရှိရာဆီပြန်တက်ခဲ့တော့တယ်။
''ဦးစစ်မဟာ ခင်ဗျားကြီးဧည့်သည်ရှိလို့ ကံကောင်းသွားတယ်မှတ်..''

''ဝေယံ..မင်းနဲ့မဆုံတာကြာပြီပဲ မင်းခုဘာတွေလုပ်နေလဲ..''

''မဟာ..ငါအသေးစားချေးငွေ လုပ်ငန်းမှာအလုပ်လုပ်နေတာ..ပြီးတော့ ငါကအေးဆေးသမားဆိုတော့ နယ်လဲမပြန်ဖြစ်ပါဘူးကွာ။''

''အခုမင်းနဲ့ငါ အပြင်သွားကြမယ်လေ..မင်းကိုတော့ တစ်ဝိုင်းစာ ငါဧည့်ခံပေးပါ့မယ်။''

'' ငါ့ကောင်ကြီးအတွက် ငါကဂုဏ်ပြုပေးရမှာပေါ့ မဟာရာ..ဟား.ဟား.ဟား။''

''တော်တော့..သွားကြမယ်။''

အိမ်အပေါ်ထပ်က.. လွန်းရှိရာဆီ ခဏတတ်သွားပြီး ''လွန်း..ကလေး ကိုယ်အပြင်ခဏသွားလိုက်အုံးမယ်..ကလေးအတွက်
ကိုယ်ဘာဝယ်ခဲ့ပေးရမလဲ။''

''မလိုဘူး..ဦးစစ်မဟာ..''

''ကလေးဘာဖြစ်နေလို့လဲ..စိတ်ဆိုးနေပြန်ပြီလား..ကိုယ်ဘာအမှားလုပ်မိပြန်လို့လဲ..''

''ကျစ်..အပြင်သွားမယ်မဟုတ်လား..
သွားတော့..ကျွန်တော်ပြန်အိပ်အုံးမယ်..''

တံခါးလော့ မချမိတဲ့ လွန်းကြောင့်..
စစ်မဟာ အခန်းထဲ ဝင်လာခဲ့တော့တယ်။

ကုတင်ပေါ်က စောင်ပုံကြား မြုပ်ဝင်နေတဲ့
လွန်းကို ကြည့်ပြီး.. ''ကလေး.နေမကောင်းဘူးလား..''
လွန်းရဲ့ နဖူးလေးဆီ လက်လှမ်းမိပေမဲ့.. ပုတ်ချလိုက်တဲ့ လက်ကြောင့်..

''မထိနဲ့...ကျွန်တော့်ရဲ့အသားကို လုံးဝမထိပါနဲ့ ဦးစစ်မဟာ..''

''ကိုယ်စိတ်ပူလို့ပါ ကလေးရယ်..မထိနဲ့ဆိုလည်း မထိပါဘူး..နေမကောင်းရင်ပြောပါ
ကိုယ်ဆရာဝန်ဆီ ဖုန်းဆက်ခေါ်ပေးမယ်။''

''ပြောရအုံးမယ် ကျွန်တော့်ကို လူရှေ့သူရှေ့ရောက်ရင် အသားယူတဲ့စကားလုံးတွေ မသုံးနှုန်းမိစေနဲ့..ကျွန်တော်မကြိုက်ဘူး။''

''အခန်းကတော့ ခွဲအိပ်ရမှာပဲ..ကျွန်တော့်ရဲ့ခွင့်ပြုချက်မရပဲနဲ့ ကျွန်တော့်အခန်းထဲ မဆင်မခြင်မဝင်မိစေနဲ့။
ကျွန်တော် ဘာလုပ်လုပ် ဘယ်သွားသွား
နောက်ကခိုးလိုက်တာတို့ လူလွှတ်ပြီးသတင်းစုံစမ်းခိုင်းတာတို့လုပ်တာလဲ မကြိုက်ဘူးနော် ကြိုပြီးသတိပေးထါးတာ။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now