ep(25)💔

3.1K 157 1
                                    

စစ်မဟာ လွန်းကိုအိမ်မှာထားခဲ့ပြီး ဝေယံနဲ့အတူအပြင်ထွက်သွားတော့တယ်..ဒီညလွန်းကို သူကောင်းကောင်းကြီးပညာပြအုံးမှာ....

ကလေးလို ဖြူစင်သူကလွန်း ဘာမှနားမလည်... စိတ်ဆင်းရဲစေချင်လို့သာ စစ်မဟာကို သူအနိုင်ယူတဲ့စကားပြောခဲ့တာ..
'ခုချိန်မှာသူက စစ်မဟာနဲ့လက်ထပ်ထားတာလေ.. စစ်မဟာကိုမုန်းပေမဲ့ ဘဝကိုပုံအပ်ထားမိပြီလေ..ဘာတွေကြောက်နေခဲ့တာပါလိမ့်..ဟုတ်တယ် ငါအဲ့ဒီနေ့က ညကို
လုံးဝမေ့မှာမဟုတ်ဘူး..ငါ့ရဲ့အရှက်သိက္ခာတွေ တန်ဖိုးမဲ့ခဲ့ရတဲ့နေ့ဖြစ်ခဲ့လို့ပဲ။'

'ငါမာမီဆီ သွားအုံးမှ သုတကဒီနေ့နေ့လည်
Flight နဲ့ သြစီမှာကျောင်းသွားတတ်တော့မှာ..အကိုဆိုတဲ့ငါက အနားမှာခဏတော့ရှိပေးသင့်တယ်လေ..နှစ်ရှည်လများစွာ ခွဲနေရမဲ့ညီဖြစ်သူကို အားပေးစကားအနည်းငယ်တော့ပြောသင့်တာမို့' လွန်းဆက်မအိပ်တော့ပဲ အိမ်ကိုထွက်လာခဲ့တော့တယ်။

ပိုင်မှူးကို နှိုင်းမခ နိုင်ငံခြားမှာဆေးကုသဖို့အတွက်ဖြောင်းဖျနေခဲ့ရတယ်။
ဦးခေါင်းအထူးကုနဲ့ပြသပေးနေပေမဲ့ ကျန်းမားရေးက ထူးခြားမလာ..ဒီတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နိုင်ငံခြားမှာဆေးကုပေးဖို့ စီစဥ်ခဲ့တော့တယ်။

''သားငယ်..မနိုးသေးဘူးလား..ခုထိ
မာမီအားလုံးအဆင်သင့်ပြင်ထားပြီးပြီ..
သားအကိုကမာမီတို့ဆီထွက်လာပြီ..သားငယ်ကို လေဆိပ်လိုက်ပို့ပေးမလို့တဲ့..''

''မာမီ..သားဝမ်းနည်းတယ်..ပြီးတော့ဝမ်းလည်သာတယ်။''

''သားရယ်..မာမီတော့ သားငယ်ကိုလွမ်းရအုံးမှာပဲ..ဟောကြည့်..ပြောရင်းမျက်ရည်က လွယ်လာပြန်ပြီ ဒီကလေးကတော့လေ။''

''အဟင့်..အဟင့်..မာမီ သားမြန်မြန်ပြန်လာခဲ့မှာပါ.. မာမီနဲ့ဒယ်ဒီတို့ဆီမှာ သားချစ်ခြင်းမေတ္တာတွေအပြည့်အဝရရှိတဲ့အတွက်..သားအတွက်ပြည့်စုံနေပါပြီ။
မာမီနဲ့ဒယ်ဒီတို့ ကျန်းမားရေးဂရုစိုက်ကြနော်..သားစိတ်မချဘူး..''

သားမိနှစ်ယောက်  ရှိရာဆီ ရောက်လာသူကတော့ လွန်းပါ..''မာမီရေ..မာမီ..ဒယ်ဒီ..''

''အိမ်ထဲဝင်လာတာနဲ့ အသံကိုဆာနေတာပဲ
မာမီနဲ့ဒယ်ဒီတို့ ရှိပါတယ် သားကြီးရယ်။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now