ep(10)💔

4.8K 221 1
                                    

   'စိတ်ညစ်တဲ့အချိန်တွေမှာ ဘာလုပ်တတ်တဲ့အကျင့်ရှိလည်းဆိုရင်..ကျွန်တော်စစ်မဟာ..အရက်ကိုမူးအောင်သောက်ပြီး
လိုချင်တဲ့အရာကို အရယူတတ်ခြင်းပဲ။'

'ရဲသွေးနီနေတဲ့ နှုတ်ခမ်းတစ်စုံရဲ့ နူးညံ့တဲ့အထိအတွေ့တွေက ကျွန်တော့်ရဲ့စိတ်အာရုံကို လွှမ်းမိုးထားခဲ့တာ နေမကောင်းဖြစ်ခဲ့တဲ့နေ့ကစလို့ပေါ့။
စွဲလမ်းခြင်းပဲလား...နှလုံးသားက ချစ်မိလို့များလား..ကျွန်တော်မပြောတတ်ခဲ့ဘူး
သေချာတာတစ်ခုကတော့ ကျွန်တော် သူ့ရဲ့ အထိအတွေ့တွေကို နောက်ထပ်ပိုင်ဆိုင်ချင်မိတာတော့ အမှန်ပဲ။'

Club ကထွက်လာတာနဲ့ သူ့ရဲ့စိတ်က လွန်းဆိုတဲ့ ထိုကောင်လေးဆီကိုသာရောက်နေခဲ့မိတယ်။
'ဟုတ်တယ်.. သူကယောကျာ်းလေးတစ်ယောက် မှန်တယ်လေ..ငါက သူယောကျာ်းလေးဖြစ်တာနဲ့ပဲ ချစ်ပိုင်ခွင့်မရှိတော့ဘူးလား။'
စစ်မဟာ သူ့အတွေးတွေနဲ့သူ အပြန်အလှန် စကားပြောနေမိခဲ့။

'မနက်ဖြန် ငါတိုကုန်ပစ္စည်း  brand တွေ
အရောင်းပွဲ ဖွင့်ရက်ပဲ..ငါဒီည မူးလို့မဖြစ်သေးပါဘူး။'

မနေ့တည်းက ပိုင်မှူးရဲ့အိပ်ယာထက် အိပ်စက်နေတဲ့ လွန်းတစ်ယောက်တော်ယုံနဲ့ နိုးမလာ..
အရက်မသောက်နိုင်တဲ့သူက ဝိုင်ပြင်းပြင်းတစ်ခွက်ကြောင့် ခုလိုဖြစ်ရခြင်းပါ။

ကုန်စည်ပြပွဲနဲ့ ပြိုင်ဘက် ကုမဏ္ဏီရဲ့ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရမဲ့ ပိုင်မှူးဆက်.. 'ဟူးးးး...ရင်မောတယ်
ငါလွန်းကိုခေါ်သွားရင် ကောင်းမလား...
လွန်းဘက်က လက်ခံပါ့မလား..
ဒါပေမဲ့ .ဟိုတလောကမှ ငါလွန်းကိုပြောထားတာ ပွဲတက်ရင် လွန်းကိုခေါ်မယ်ဆိုတာ။'

ရေမိုးချိုးပြီးလို့ လွန်းရှိတဲ့အိပ်ခန်းလေးဆီ
ခြေဦးလှည့်ဝင်မိတဲ့အခါ..
ကုတင်ပေါ်..ခြေကားယား လက်ကားယားကြီးနဲ့ အိပ်ပုပ်ကြီးနေသေးတဲ့ လွန်းကြောင့်
ရယ်ရခက်ခက်...

''ခွီးးးး''..''ဘာလေးနဲ့တူပါလိမ့်..ဒီပုံလေးက.''

သူ့လက်ထဲ ကိုင်လာတဲ့ ဖုန်းလေးနဲ့ လွန်းရဲ့ လှပသေသပ်တဲ့ အိပ်နေပုံလေးကို ရ်ိုက်ယူထားခဲ့တယ်။
'ဒီခလေးကို..ငါချစ်နေမိပြီအရမ်းပဲ..
ငါဘယ်လို လုပ်ရပါ့..လွန်းကို ငါမြတ်နိုးတာ ဖြူဖြူစင်စင်ချစ်တာ..ငါ့အတွက် လွန်းက အဖြူရောင် နှင်းပန်းလေးတစ်ပွင့်ပဲ။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now