ep(26)💔

3.4K 148 2
                                    

အရေးပေါ်ခန်းမှာ အသက်လုနေရတဲ့ သုတ..အသက်ရှူနှုန်းတွေကျဆင်းလာတဲ့အတွက် တာဝန်ကျဆရာဝန်များ အလုပ်ရှုတ်စေခဲ့ပြီလေ။

စစ်မဟာလဲ ဖုန်းရရခြင်းပဲ လွန်းကိုတင်ထားတဲ့ဆေးရုံးရှိရာဆီ အမြန်လိုက်လာခဲ့တော့တယ်။
လွန်းကတော့ ခြေထောက်တဖက်ကကျောက်ပတ်တီးကိုင်ထားရပြီး..မျက်နှာနဲ့
ဦးခေါင်းမှာ ဒဏ်ရာပြင်း​​ပြင်းထန်ထန်ရရှိခဲ့တယ်။ အောက်စီဂျင်ပိုက်တပ်ထားရပြီး သတိလစ်နေခဲ့တာ ခုထိဆိုပါတော့။

''မေသူ..ဘယ်လိုဖြစ်ပြီး နင်က လွန်းတို့ အက်ဆီးဒင့် ဖြစ်တဲ့နေရာမှာ ရှိနေခဲ့တာလဲ။''

''မေသူက ဦးကျော်နိုင်ဆီက စားရင်းတွေသွားယူမလို့သွားတာ လမ်းမှာ ကုန်တင်ကားတစ်စီးက ကားတစ်စီးကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာမြင်တော့ boss ရဲ့
ကောင်လေးကားမှန်းသိတော့တယ်..ဒါနဲ့မေသူလဲ နီးစပ်ရာအကူအညီတောင်းပြီး
ဆေးရုံတင်ပေးခဲ့တာ။
တိုက်မိတဲ့ကားမောင်းသမားကတော့ လွတ်ရာပြေးသွားပုံပဲ boss..''

''တောက်..မကောင်းတဲ့ကောင်တွေ ငါ့ကလေးသာ တစ်ခုခုဖြစ်လို့ကတော့..မြေလှန်ရှာပြီးသတ်ပစ်မယ်မှတ်''

အရေးပေါ်ခန်းထဲက ထွက်လာတဲ့ တာဝန်ကျဆရာဝန်လေးထံမှ ''လူနာကအရေးပေါ်သွေးလိုအပ်နေတယ် AB သွေးပါ..''

စစ်မဟာ..ဝေယံကိုကြည့်ပြီး ''ဝေယံ မင်းက AB သွေးမဟုတ်လား..လှူပေးလိုက်ပါကွာ
သူက လွန်းရဲ့ညီလေးပဲ အသက်ရှင်သွားရင် ကောင်းတာပေါ့ကွာ။''

''ငါ့ယောက္ခမနဲ့ယောက္ခထီးအတွက်တော့ စိတ်မကောင်းရုံပဲတတ်နိုင်တယ်..ဆုံးသွားမှတော့ ငါကဘယ်လိုလုပ်ပေးနိုင်မလဲ။''

ဝေယံ တစ်ယောက် ဆရာဝန်လေးနောက်လိုက်သွားပြီး သွေးထုတ်ဖို့အတွက်
ပြင်ဆင်ပေးခဲ့တယ်။


''သုတ ငါ့စကားနားမထောင်တဲ့အတွက် ဒါအစပဲရှိသေးတယ်မှတ်။''
ဆေးရုံရဲ့ နရံထောင့်ကွယ်ကနေ ကြည့်နေတဲ့ ...သူ...

ခဏအကြာမှာတော့..ဆရာဝန်တွေနားနေခန်းထဲကနေ ဝတ်စုံလဲပြီး သုတကိုထားတဲ့
သီးသန့်ခန်းထဲ ဝင်သွားတဲ့ သူ..

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now