ep(33)💔

3K 110 0
                                    

အတွေးစတွေကိုဘေးချိတ်ကာ မင်းဒင်ကို
အချုပ်ခန်းထဲသော့ခတ်ခိုင်းထားတဲ့ မဟူရာ...
''X ကြီး..သူ့ညီ သစ်ထူးဆိုတဲ့ကောင်ကို ရှာထား.. ငါနဲ့စားရင်းရှင်းရမယ်။''

''ဟုတ်ကဲ့ boss..''

မှာစရာရှိတာမှာပြီး... အိမ်ကြီးထဲ ပြန်ဝင်သွားတဲ့ မဟူရာ သူချစ်ရသူအိပ်စက်နေတဲ့ကုတင်ဘေး ဝင်ထိုင်ရင်း..

''ငယ်လေး သတိမရသေးဘူးလားကွာ..ကိုယ့်အရမ်းလွမ်းနေရပြီ။ငယ်မရှိတဲ့ ဒီနေ့ရက်တွေက ကိုယ့်အတွက် ခြောက်သွေ့လှတဲ့ ကန္တာရလိုပဲ..
ရှင်သန်ခြင်း အိုအေစစ်လေးက အနားမရှိတော့ ကိုယ်ရဲ့အသက်ရှူနှုန်းတွေက အဓိပ္ပါယ်မရှိသလိုပဲ ငယ်ရာ။''

မဟူရာ ရဲ့စကားတွေကိုတော့ အိပ်စက်နေတဲ့ကောင်လေးကြားနိုင်မယ်မထင်ပါ။

သစ်ထူးဆိုတဲ့ပေတိပေစုတ် ဂျစ်ကန်ကန်နဲ့
ကောင်ကတော့ အမြဲပြသနာရှာနေကြ..
ဒီနေ့လည်း barမှာ ပြသနာရှာခဲ့ပြန်ပြီလေ။

အကိုအားကိုးနဲ့ မိုက်ကန်းနေတဲ့ဒီငနဲလေးက မိန်းမလည်းပွေရှုတ်တတ်သေး။
သူ့ကြောင့် ဘဝပျက်ခဲ့ရတဲ့ ပန်းလေးတွေ
နည်းတော့တာမဟုတ်ဘူး။
ဒါကြောင့် မဟူရာဘက်က သူ့လိုလူမျိုးကို
လောကထဲက အပြီးအပိုင်ထုတ်ပြစ်ဖို့ စဥ်းစားထားပုံပဲ။

မိုးချုပ်ပြီဖြစ်တဲ့အတွက် ငှက်ကလေးများလည်း အိပ်တန်းပြန်ချိန်ရောက်ပြီလေ..နေဝန်းကြီးလည်း.. အနောက်ရပ်ကိုပြန်ပြီး...မာဂျူရီညမီးတိုင်များလင်းလို့လာကြချိန် ရန်ကုန်မြို့ကြီးရဲ့ ညတာဟာအလုပ်ပြန်သူတွေနဲ့ရှုတ်နေခဲ့ပြန်တယ်။

နေ့စဥ် အလုပ်ထဲမှာစိတ်ပင်ပန်းခဲ့ရပေမဲ့
စစ်မဟာ အိမ်ပြန်ရောက်ရင် သူ့ရဲ့အသက်ဘူးလေးကိုမြင်ရတဲ့အတွက် ပင်ပန်းသမျှအဝေးကိုပြေးထွက်သွားသလို လွန်းက
သူ့အပေါ်စိုးမိုးနိုင်လွန်းတယ်။

ခုလည်း..''ကိုကို မောနေပြီလားဟင် ကလေးရေခပ်ပေးမယ်နော်..''

ရေအေးအေးလေး ခပ်ပေးမယ်ထင်ပေမဲ့..
လက်ထဲအမှန်တကယ်ယူလာခဲ့တာက
သံပုရာရည်အေးအေးလေးတခွက်ဖြစ်လို့နေပြန်တယ်။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now