ep(6)💔

5.8K 260 4
                                    

     စစ်မဟာရဲ့ အိပ်ခန်းထဲ လွန်းတစ်ယောက် အလုပ်ရှုတ်နေလေရဲ့ ဆရာဝန်မလာမချင်း ကိုယ်ပူကျအောင် ရေဝတ်တင်ပေးနေရတယ်။

   ဒီကြားထဲ အဖျားသမားက ချမ်းတယ်ဆိုပြီး လွန်းကိုအတင်းဖက်ထားလို့ မနည်းရုန်းလိုက်ရသေး။ရုန်းနေရင်း ဆရာဝန်ရောက်လာတော့ စစ်မဟာလွန်းကိုဖက်ထားတာလွှတ်မပေးသေး။

''အဟမ်း..အဟမ်း..''ဆရာဝန်ရဲ့ချောင်းဟန့်သံနဲ့အတူ လွန်းလည်း စစ်မဟာကို နင်းကန် တွန်းလွှတ်ပါလေရော..''ဖယ်ပါ
သူများတွေ တမျိုးထင်ကုန်တော့မယ်။''

''ကျွန်တော် ခင်ဗျားရဲ့အမေ မဟုတ်ဘူး..
လူကို နင်းကန် ဖက်ထားတာလေး လွှတ်ပါအုံး။ဆရာဝန်တောင်ရောက်ပြီ ဆေးထိုးရမယ် လွှတ်စမ်းပါ။''

''မေမေ..မလွှတ်ဘူး..သားကိုနောက်တခါ
ခွဲမသွားပါနဲ့...မေမေ သားချမ်းလို့ပါ ဖက်ထားပေးပါ။''

ဆရာဝန်ကို ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အကြည့်နဲ့ကြည့်နေရှာတဲ့ လွန်း...

ဆရာဝန်လည်း ကိစ္စမရှိဘူးဆိုတဲ့ ပုံစံနဲ့ပြန်ပြုံးပြပြီး..''ဒီကညီလေး ဆရာဆေးထိုးပေးခဲ့မယ်နော် ပြီးတော့ သောက်ဆေးလဲပေးခဲ့ပါ့မယ်။ခုတော့ အဖျားအရင် တိုင်းမယ်နော်..''

လွန်းဆီက ခွင့်တောင်းနေတဲ့ ဆရာဝန်ကြောင့် လွန်းနေရခက်လာကာ ''ဟို ကိစ္စမရှိပါဘူး..ဆရာအဆင်ပြေသလိုလုပ်ပါ။''

စစ်မဟာကတော့ လွန်းရဲ့ရင်ခွင်ထဲ ကလေးတစ်ယောက်လိုမျက်နှာအပ်ပြီးနေနေခဲ့တယ်။ခြံစောင့်ကြီးလည်း သူ့ရဲ့သူဌေးလေးရဲ့ ပုံစံကိုကြည့်ပြီး အံ့သြနေခဲ့တယ်။

ဆရာဝန်လည်း စစ်မဟာရဲ့ကိုယ်ပူချိန်ကိုစမ်းအပြီး ''ကိုယ်ပူကတော့ နည်းနည်းကျသွားပါပြီ အဖျားကတော့ရှိသေးတယ်..ကဲဆေးထိုးမယ်နော်။''

ဆေးထိုးအပ်နဲ့ဆေးပုလင်းထဲကဆေးရည်တွေစုပ်လို့အပြီး စစ်မဟာရဲ့ တင်ပါးနားကပ်ကာ ဆေးထိုးလိုက်ချိန်.. ''အား..''
ဘေးကလူတွေအားလုံးလန့်ဖျန့်ကုန်ရော
စစ်မဟာရဲ့အော်သံကြောင့်..

လွန်းလည်း စစ်မဟာကို အသာချော့ပြီး ''မနာတော့ဘူးနော် ခဏပဲ ပုရွက်ဆိတ်ကိုက်သလောက်လေးကို အော်နေလိုက်တာ
မရှက်ဘူးလား။''

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now