ep(19)💔

3.6K 159 2
                                    

   ​ ခြံထဲမှာ လွန်းပန်းပင်ရေလောင်းနေတာကို ဓာတ်ပုံခိုးရိုက်ပြီး..ပြန်သွားတဲ့ လူနှစ်ယောက်။

    ရင်ထဲနေမလို့မကောင်းလှ..ပန်းရနံ့တွေကမွှေးရနံ့ရှိလို့တော်သေး မဟုတ်ရင် အဲ့ဒီနားတင် အန်ချမိမှာ..

    ''ကိုကိုလွန်း...''

    ''ညီလာလေ..''

သုတ လွန်းရှိရာဆီရှောက်လာရင်း..

''ကိုကိုညီဆိုင်ခဏသွားမလို့ ဘာစားချင်လဲ ညီပြန်လာရင်ဝယ်ခဲ့ပေးမယ်။''

''ကိုကို့ရဲ့ညီလေးကတောင် ရင့်ကျက်လာပြီပဲ..ကဲပြောပါအုံး..ကော်ဖီဆိုင်လေးကဘယ်တုန်းကဖွင့်လိုက်တာလဲ။''

''ကိုကိုရာ..မာမီကညီ့ကို ဆိုင်ဖွင့်ပေးထါးတာ ၁ပတ်တောင်မပြည့်သေးဘူးရယ်။''

''အော်..ဟုတ်လား..ကိုကိုလဲ လိုက်ချင်တယ်
ရမလား။''

''မာမီကိုပြောလိုက်အုံးမယ်..ကိုကို..''

မီးဖိုခန်းထဲ ချက်ပြုတ်နေတဲ့ဒေါ်မေထားထံ
''မာမီ..ကိုကိုက သားနဲ့ဆိုင်ကိုလိုက်ချင်လို့တဲ့ ခေါ်သွားရမလားဟင်။''

''သားကြီးက သားငယ်ရဲ့ဆိုင်ကို လိုက်ချင်လို့ဟုတ်လား..ခေါ်သွားလိုက်ပါသားငယ်ရယ် သားကိုကိုက အိမ်မှာတစ်ယောက်တည်းပျင်းလို့နေမယ်။''

''ဟုတ်ကဲ့မာမီ ဒါဆိုရင် ကိုကိုနဲ့သားတို့
ဆိုင်ကိုသွားတော့မယ် ညနေမှပြန်လာတော့မယ် မာမီ။''

''ဟုတ်ပါပြီ..သားရယ်..ကဲကဲ..သွားမယ်ဆိုပြင်ကြတော့​ေလ။''

''ကိုကိုရေ..သွားကြရအောင်..''

ညီကိုနှစ်ယောက် ကတော့ ကော်ဖီဆိုင်လေးရှိရာဆီ ထွက်လာခဲ့ပြန်တယ်။

စစ်မဟာ သူလူတွေလာပို့ပေးသွားတဲ့ လွန်းရဲ့နေ့စဥ်သွားလာလှုပ်ရှားမှုတွေကို ကြည့်ရင်း..'ကလေး မင်းလေးကလေ ဘာလို့ကိုယ့်ကို နည်းနည်းလေးမှ ကြည့်မရ ချစ်မရတာလည်းကွာ။
ကိုယ့်ဘက်က ကလေးမှကလေးပဲ..
ကလေးရဲ့ အရာရာဖြစ်ချင်မိတာ ကိုယ်မှားလားကွာ။'

'ဟုတ်ပြီ..အဲ့ဒီညက video မှတ်တမ်းခွေရှိတာပဲ။ ကလေးနဲ့ကိုယ့်ရဲ့ အချစ်ညလေးက
ကလေးကိုအပိုင်သိမ်းဖို့အတွက် အခွင့်အရေးတစ်ခုဆိုတာ ခုမှပဲသေချာနားလည်သွားတယ်။အဟက်..ခုနေတော့ ခဏတာ
လွတ်လွတ်လပ်လပ် နေပါအုံးကွာ။'

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now