ep(12)💔

4.4K 212 4
                                    

   လွန်းကို အိမ်ပြန်ခေါ်လာခဲ့ပြီးနောက်..

''လွန်း
ဒီည ကိုယ့်အိမ်မှာပဲ အိပ်တော့နော်  ...
ညနက်နေပြီ လွန်းကိုပြန်ပို့ပေးဖို့က..''

''ရပါတယ်ကိုပိုင်.. လွန်း အဆင်ပြေပါတယ်..''

''ဒါဆိုရင် ကိုယ်တို့.. အိမ်ထဲဝင်ကြမယ်နော်
လွန်း ..အဆင်ပြေရဲ့လား..''

ကားပေါ်ကဆင်းဆင်းချင်းပဲ ခေါင်းကမိုက်ခနဲ မူးဝေသွါးတာကြောင့် ပိုင်မှူး လွန်းကို
ဘေးကထိန်းပေးရင်း...
လွန်းကို..ပွေ့ခေါ်သွားတော့တယ်.

''လွန်းဘာဖြစ်လို့လဲ..ခေါင်းက ရရဲ့လားဟင်
ကိုယ် ဆရာဝန်ဆီဖုန်းဆက်ခေါ်ပေးရမလား။''

''ရတယ်..ကိုပိုင်မှူး လွန်းတခါတရံအဲ့လိုဖြစ်နေကျ..ခဏနေ သက်သာသွားလိမ့်မယ်။''

''ကိုယ်စိတ်ပူတယ် လွန်း..''

''တောင်းပန်ပါတယ်.. ဒီနေ့ လွန်းကြောင့်
ကိုပိုင်မှူး ပင်ပန်းရပြီ။''

ပြောပြောဆိုဆို.. အိမ်အပေါ်ထပ်ရောက်တဲ့ထိ လွန်းကိုပွေ့ခေါ်သွားတဲ့ ပိုင်မှူး။

''စောစောနားတော့နော်.. လွန်း။''

''အင်းပါ..''
အိပ်ယာထက်ချပေးခဲ့တဲ့ သူ့ကို
လွန်းမတားရက်တော့ပါ။
ဒါပေမဲ့ လွန်းဆီမှ.. ''ကိုပိုင်မှူး''

အခန်းဝဆီမှ လွန်းကိုပြန်လှည့်ကြည့်မိသူ
''လွန်း ဘာပြောမလို့လဲ..''

''လွန်းတစ်ယောက်တည်းမအိပ်ရဲဘူး။''

''ဘာဖြစ်လို့လဲ လွန်းရယ် ဘာကြောက်စရာရှိလို့လဲ..ကိုယ့်ကိုပြောနော်။''

''လွန်း...စစ်မဟာကိုကြောက်တယ်
ပြီးတော့ ဒီနေ့ ဝမ်းနည်းနေသလိုပဲ လွန်းရဲ့စိတ်ထဲ မကြာခင်တစ်ခုခုဖြစ်တော့မယ်လို့
ထင်နေမိတယ်။''

''ကိုယ်ရှိတယ်. မကြောက်နဲ့နော်..
ကိုအင်ကျီလဲလိုက်အုံးမယ်.. ပြီးရင်ပြန်လာခဲ့မယ် ဟုတ်ပြီလား။''

''အင်း..မြန်မြန်ပြန်ခဲ့နော်..''

သူတို့နှစ်ယောက်စကားပြောနေတာကို
ကြည့်နေတဲ့ သူကတော့ စစ်မဟာ။

ပိုင်မှူး နဲ့ လွန်းတို့ပြန်သွားတဲ့အချိန်တည်းက စစ်မဟာ သူတို့နှစ်ယောက်နောက်က လိုက်လာခဲ့တာ ဘယ်သူမှမသိခဲ့။

Silent  Crying book(1) (Completed) book2(ongoing) Where stories live. Discover now